ယေရှုရှင် ငါ့ဖို့ပင်။
Christ for Me.
[ Verse 1. ]
ကိုယ်တော်အပြင်၊ ထက်ကောင်းကင်မှာ ကိုးစားရာ မရှိပါ။
သက်ရှင်စဥ်ခါ ဆိုမည်-သိချင်း။ ယေရှုရှင် ငါ့-ဖို့ပင်။ကိုယ်
တော်ငါ့-တွက် ဒုက္ခခံပြီ။ သွေးတော်မြတ်ဖြင့် ကယ်တင်ယူ
ပြီ။ ငါ၏ ဝိညာဥ်တွက် တောင်းပန်ပြီ။ ယေရှုရှင်၊ ငါ့-ဖို့ပင်။
[ Verse 2. ]
ငါ-မငြူစူ၊ ကြွယ်ဝသူကို ယေရှုရှင် ငါ့-ဖို့ပင်။လောကီဘဏ္ဉာ၊
ငါ-မနှစ်လို၊ ယေရှုရှင် ငါ့-ဖို့ပင်။ လောကီချမ်းသာ စဥ်မမြဲ
ရာ၊ အရာရာမျိုး ပျက်မည် မှန်ပါ။ ငါ၏ ဝမ်းမြောက်ဆုံးရာ
မရှိ၊ ယေရှုရှင်၊ ငါ့-ဖို့ပင်။
[ Verse 3. ]
ဆင်းရဲဒုက္ခ ရောက်ရသော်လည်း၊ ယေရှုရှင်၊ ငါ့-ဖို့ပင်။
ငါ-လျင် မညည်း၊ ကိုယ်တော်သိ၏၊ ယေရှုရှင် ငါ့-ဖို့ပင်။
ဥစ္စာပစ္စည်း ဆုံးပါး-သော်လည်း၊ လောကီဘဏ္ဉာ ပျက်စီး
သော်လည်း၊ သိုးနွားများလည်း သေဆုံးသော်လည်း ယေရှုရှင်၊ ငါ့-ဖို့ပင်။
[ Verse 4. ]
ရန်သူလက်တွင်း ရှိရသော်လည်း၊ ယေရှုရှင် ငါ့-ဖို့ပင်။
ပြစ်နှိပ်စက်ခြင်း ဝိုင်းဝန်းသော်လည်း၊ ယေရှုရှင် ငါ့-ဖို့ပင်။
လောကတွင် ပြင်းထန်စစ်ဖြစ်စေ၊ ငါ့ဝိညာဥ်ကို ရန်သူတိုက်
လေ။ ကိုယ်တော်အားဖြင့်၊ ငါ-အောင်မြင်ပေ၊ ယေရှုရှင် ငါ့-ဖို့ပင်။
[ Verse 5. ]
အသက်တာဆုံး ဘဝပြောင်းသော်၊ ယေရှုရှင် ငါ့-ဖို့ပင်။
ငြိမ်းစွာ ခိုလှုံမည် ရင်ခွင်တော်၊ ယေရှုရှင်၊ ငါ့-ဖို့ပင်။ကိုယ်
ကာယရောဂါ နှိပ်စက်လျှင်၊ လောက-ဝမ်းမြောက်ခြင်းများပြေး
လွင့်။ ကျူးဧမည်၊ သေခြင်းမြစ်ကူးစဥ်၊ ယေရှုရှင် ငါ့-ဖို့ပင်။
29
