အသွေးတော်နှင့် ပြည့်သောတွင်။
There is a Fountain.
[ Verse 1. ]
အသွေးတော်နှင့် ပြည့်သော တွင်းပွင့်ပြီ၊ ဧမာနွေလအသွေး၊
(ထိုသွေးတော်၌ နစ်မြုပ်သူသည် ၊ (အပြစ် နှင့် ကင်းစင်လေ)၄-ခါ။
[ Verse 2. ]
တိုင်၌ဆွဲသော ဓားပြသေစဥ်၊ ထိုတွင်း မြင်သော် ဝမ်းသာ
(ငါပင်သူမျှ ဆိုးယုတ်သော်လည်း။ (အပြစ်မှ ရှင်းကင်းရာ)၄-ခါ။
[ Verse 3. ]
သတ်ခြင်းခံသော၊ အို သိုးငယ်မြတ်၊ သွေးတော်တန်ခိုး
မြဲတည်။(ရွေးတော် အသင်းလုံးစုံ အချွတ်၊(အပြစ် ဖြေရှင်း တတ်၏။)၄-ခါ။
[ Verse 4. ]
ဒဏ်ရာတော်က အသွေးစီးယို၊ ကျွန်ုပ် မြင်မှစသည်၊
(ရွေးနှုတ် မေတ္တာတော် သီချင်းဆို၊
(သေသည့် တိုင်အောင် ဆိုမည်) ၄-ခါ။
[ Verse 5. ]
ထို့နောက်၊ ဤလေးဆွဲအသော လျှာ၊ သင်္ချိုင်းတွင်း
တိတ်သော်လည်း။ (ကယ်တင်တန်ခိုး၊ဂုဏ်တော်အ
များ၊ (မြင့်ကောင်းကင်၌ ဆိုမည်)၄-ခါ။
[ Verse 6. ]
သားတော်ယေရှု၊ ကိုယ်တော်ရှင်မြတ်၊ မထိုက်သော
ကျွန်ုပ်အား၊ (သွေးတော်နှင့် ဝယ်၊ ရွှေစောင်းဆုလဒ်၊
(ချပေးမူမည်၊ ယုံပါ) ၄-ခါ။
36
