သန့်ရှင်းဖို့ရန် ကြိုးစားပါ။
Take Time to be Holy.
[ Verse 1. ]
သန့်ရှင်း-ဖို့ရန်ကြိုးစား၊ ကိုယ်တော်နှင့်တိုင်ပင်
ကိုယ်တော်၌ ကျိန်းဝပ်ပါ၊ နှုတ်ကပတ်တော်သင်။
တပည့်တော်နှင့် ပေါင်းသင်း၊ အားနည်းသူမစ၊
မှုအရာ အမျိုးမျိုးတွင်၊ ကောင်းချီးကို ရှာပါ။
[ Verse 2. ]
သန့်ရှင်း-ဖို့ရာ ကြိုးစား၊ မြန်စွာချိန်လွန်သွား၊
ကိုယ်တော်နှင့် တိတ်ဆိတ်စွာ၊ ချိန်များကုန်စေပါ။
ယေရှုရှင်ကို ကြည့်လျှင်၊ ကိုယ်တော်နှင့်တူလာ၊
သင်ပြုရာမူမှာပင်၊ ကိုယ်တော် မြင်ရာ။
[ Verse 3. ]
သန့်ရှင်း-ဖို့ရာ ကြိုးစား၊ လမ်းကိုပြစေပါ။
ဖြစ်သမျှအမှုမှာ၊ ရှေ့သို့မကျူးရာ၊ ဝမ်းနည်း
ဝမ်းမြောက်ခြင်းမှာ၊ နောက်တော်သို့ လိုက်ပါ၊
ယေရှုရှင်ကို ကြည့်ပါ၊ မိန့်တော်မြတ် ယုံပါ။
[ Verse 4. ]
သန့်ရှင်း-ဖို့ရာ ကြိုးစား၊ ဝိညာဥ်ငြိမ်စေပါ။ကြံ
စည်ရာရှိသမျှ၊ အလိုတော်တိုင်းသာ၊ မေတ္တာ
တော်စမ်းရေသို့၊ ဝိညာဥ်တော်ဆောင် သွား၊
ထက်ဘုံမှမှုဆောင်ဖို့၊ တော်သင့်မည် မကြာ။
104
