ပွင့်လျက်နေသော တံခါး။
The Gate A jar for Me.
[ Verse 1. ]
ပွင့်လျက်နေသော တံခါးတွင်းမှ ၊ လက်ဝါးကပ်တိုင်
တော်မြတ်က ထွက်လျက်နေသော ထွန်းတောက်
ရောင်ခြည် ၊ ကယ်ချွတ်ရှင်၊ ချစ်ခြင်းပြသည်။
[ Chorus ]
နက်နဲမေတ္တာ ဖြစ်နိုင်မည်လား၊ ထိုတံခါးသည်
ငါ့-ဖို့-ပွင့်နေ၊ ငါ့ဖို့၊ ငါ့ဖို့၊ ငါဖို့၊ ပွင့်လျက်နေလေ။
[ Verse 2. ]
ကယ်တင်ရာလမ်း ရှာသူတိုင်းဖို့၊ ထိုတံခါးသည်
ပွင့်နေပေ၊ ကြွယ်ဝ၊ ဆင်းရဲ ကြီးငယ်ပေါင်းဖို့၊
ဘယ်မျိုး မဆိုဝင်နိုင်လေ။
[ Chorus ]
နက်နဲမေတ္တာ ဖြစ်နိုင်မည်လား၊ ထိုတံခါးသည်
ငါ့-ဖို့-ပွင့်နေ၊ ငါ့ဖို့၊ ငါ့ဖို့၊ ငါဖို့၊ ပွင့်လျက်နေလေ။
[ Verse 3. ]
ရန်သူများ ထသော်လည်း တိုးတက်၊ မေတ္တာတံခါး
ပွင့်စဥ်ခါ၊ လက်ဝါးကပ်တိုင်တော်မြတ် ထမ်းလျက်၊
သက်သရဖူကို ဆောင်းပါ။
[ Chorus ]
နက်နဲမေတ္တာ ဖြစ်နိုင်မည်လား၊ ထိုတံခါးသည်
ငါ့-ဖို့-ပွင့်နေ၊ ငါ့ဖို့၊ ငါ့ဖို့၊ ငါဖို့၊ ပွင့်လျက်နေလေ။
[ Verse 4. ]
ထိုလက်ဝါးကပ်တိုင်မြတ်ပင်၊ သေခြင်း မြစ်ကမ်းမှ
ချမည်။ ကောင်းကင်ဘုံတွင် ကိုယ်တော်မြတ်နှင့်၊
သက်သရဖူကို ဆောင်းမည်။
[ Chorus ]
နက်နဲမေတ္တာ ဖြစ်နိုင်မည်လား၊ ထိုတံခါးသည်
ငါ့-ဖို့-ပွင့်နေ၊ ငါ့ဖို့၊ ငါ့ဖို့၊ ငါဖို့၊ ပွင့်လျက်နေလေ။
75