သိုးသူငယ်တော်။
Not All the Blood of Beasts.
[ Verse 1. ]
ယုဒပူဇော်သက္ကာ၊ ယဇ်ကောင်မျိုးမျိုးအသွေး၊ အပြစ်မှ
လွတ်၊ စိတ်ငြိမ်းစိမ့်ငှာ၊ အလျှင်း မတတ်နိုင်လေ။
[ Verse 2. ]
သိုးငယ်ခရစ်တော်ကား၊ ထိုယဇ်များထက် ထူးမြတ်၊
သွေးတော်အဖိုး၊ အလွန်ထိုက်စွာ၊ အပြစ် ခပ်သိမ်း
လွှတ်တတ်။
[ Verse 3. ]
အကျွန်ုပ် ယုံပါ၏။ မြတ်ခေါင်းတော်၌ လက်တင်၊
နောင်တရလျက်၊ အပြစ်ရှိရှိ၊ ဝန်ချပါ၏ သခင်။
[ Verse 4. ]
လက်ဝန်းကပ်တိုင်အပေါ်၊ ကိုယ်တော်ခံသောပြစ်ဒဏ်၊
အကျွန်ုပ် အောက်မေ့ဆင်ခြင်သော်၊ ကျွန်ုပ်အတွက်
ထင်ဝံ့။
[ Verse 5. ]
အို- ကောင်းကင်ယဇ်၊ သိုးငယ်၊ ယုံကြည်သူ
ကျွတ်ရာသည်။ ကျွန်ုပ်မြင်သော်၊ စိတ်ငြိမ် ကိုး
ကွယ်၊ မေတ္တာတော် ချီးမွမ်း၏။
44
