သန့်ရှင်းသော ဝိညာဥ်တော်။
Holy Spirit, Faithful Guide.
[ Verse 1. ]
သန့်ရှင်းဝိညာဥ်၊ လမ်းပြရှင်၊ တပည့်တော်နားနေ
အစဥ်၊ ကောင်းကင်ခရီး လျှောက်သွားသွားစဥ်၊
ဖြည်းညှင်းစွာ၊ လမ်းပြသခင်။ မောပန်းဝိညာဥ်၊
ဝမ်းမြောက်ချေ၊ ချိုသာသံတော်၊ နားထောင်လေ။
ခရီးသည် နောက်သို့ လိုက်လာ၊ ပို့ဆောင်မည်၊
အိမ်တော်သာယာ။
[ Verse 2. ]
မိတ်ဆွေစစ်၊ ဝိညာဥ်တော်ရှင်၊ မစရန် ရှိနေအ
သင့်။ ကျွန်ုပ်တို့ကို မှောင်မိုက်တွင်၊ စိုးရိမ်ရာ မစွန့်
ပါနှင့်။ ပြင်းထန်စွာ မုန်တိုင်းကျလာ၊ စိတ်ငယ်
မျှော်လင့်မဲ့သောခါ၊ နောက်တော်လိုက်ရန် ခေါ်မူ
ပါ။ ပို့ဆောင်ပါ၊ အိမ်တော်သာယာ။
[ Verse 3. ]
ဆောင်ရွက်ရန် အမှုပြီးလျှင်၊ ခေါ်တော်မူချိန်
စောင့်နေစဥ်။ ဆုတောင်းလျက် မျှော်လင့်တောင့်
တ၊ ကောင်းကင်ဘုံဝင်ရန်တသ။ သေခြင်းမြစ်ကို
ကူးသောခါ၊ သွေးတော်မြတ် မှီခိုကိုးစား။ နောက်
တော်လိုက်ရန်ခေါ် မူပါ၊ ပို့ဆောင်ပါ၊ အိမ်တော်သာယာ။
56
