ကယ်တင်ရှင် သိုးထိန်းလိုလမ်းပြ။
Saviour, Like a Shepherd Lead Us.
[ Verse 1. ]
ကယ်တင်ရှင်၊ သိုးထိန်းလိုလမ်းပြ၊ ကိုယ်တော်စောင့်မ
ရန်လိုပါ။ စိမ်းလန်းကျက်စားရာတွင် ကျွေးမွေး၊ ပြင်
ဆင်ပါခြံတော်ဖို့ပေ။ သန့်ရှင်းယေရှု၊ ကိုယ်တော်မြတ်
သည်၊ ကျွန်ုပ်တို့ကိုဝယ်ယူပြီ။ သန့်ရှင်းယေရှု၊ ကိုယ်
တော်မြတ်သည်၊ ကျွန်ုပ်တို့ကို ပိုင်မူ၏။
[ Verse 2. ]
ကိုယ်တော် ပိုင်သောကြောင့်၊ ကွယ်ကာပါ။ လမ်း
လျှောက်သွားစဥ်၊ လမ်းပြပါ။ သိုးစုတော်ကို ပြစ်မှ
ကွယ်ကာ၊ လမ်းမှားသော်လိုက်ရှာမူပါ။ သန့်ရှင်းယေရှု၊
ကိုယ်တော်မြတ်သည် ၊ ကျွန်ုပ်တို့ ဆုတောင်းသောခါ၊
သန့်ရှင်းယေရှု၊ ကျွန်ုပ်တို့၏၊ ဆုတောင်းသံကို နားညောင်းပါ။
[ Verse 3. ]
ဆင်းရဲ၍ပြစ်နှင့်ပြည့်သော်လည်း ၊ လက်ခံမည်ကတိရှိပြီ၊
ကယ်တင်ရန် ကရုဏာတော်ရှိ၊ ဆေးကြောကယ်လွှတ်
ရန် စွမ်း၏။ သန့်ရှင်းယေရှု၊ ကိုယ်တော်မြတ်ထံ၊ လျင်
မြန်စွာ ပြေင်းလဲစေပါ။ သန့်ရှင်းယေရှု၊ ကိုယ်တော်
မြတ်ထံ၊ လျက်မြန်စွာ ပြောင်းလဲစေပါ။
[ Verse 4. ]
ငယ်စဥ်ခါ မျက်နှာတော်ကိုရှာ၊ အလိုတော်လိုက်ရန်
စောင့်မ။ ကယ်တင်ပိုင်ရှင်၊ ကိုယ်တော်ကိုသာ၊ ချစ်လို့
ငှာ၊ ခွင့်ပေးသနား။ သန့်ရှင်းယေရှု၊ ကိုယ်တော်မြတ်
သည်၊ ချစ်တော်မူ ကျွန်ုပ်တို့အား၊ သန့်ရှင်းယေရှု၊ ကိုယ်
တော်မြတ်သည် ၊ ယခုတိုင်အောင် ချစ်မူပါ။
155
