ငါတို့ပြစ်နှင့် ဝမ်းနည်းခြင်းများ။
What a Friend We Have in Jesus.
[ Verse 1. ]
ငါတို့-ပြစ်နှင့်ဝမ်းနည်းခြင်းများ၊ ခံရန်မိတ်ဆွေ
ယေရှုရှိ၊ ဆုတောင်းခြင်းဖြင့်ထံတော်ချဥ်းကပ်၊
ခွင့်သည် အံ့ဖွယ်ဖြစ်ပေ၏။ငြိမ်သက်ခြင်းကို
ကြိမ်ဖန် စွန့်ပစ်၊ မခံသင့် ဝန်ထမ်းခဲ့ပြီ။
ကိုယ်တော်ထံတွင် ဆုတောင်းခြင်းဖြင့်၊
မယူ-ဆောင်ခြင်းကြောင့် ဖြစ်သည်။
[ Verse 2. ]
ငါတို့-တွင်စုံစမ်းနှောက်ယှက်ခြင်း၊ ဆင်းရဲဒုက္ခ
ရှိသလား။ ဘယ်အခါမျှ စိတ်မပျက်စေရာ၊
ဆုတောင်းလျက် ထံတော်ချဥ်းပါ။
ဝမ်းနည်းခြင်းမျိုး ခံစိတ်ဆွေလို၊ သစ္စာရှိသူ
တွေ့မည်လား။ငါတို့အားနည်းခြင်း ယေရှုသိ၊
ဆုတောင်း-လျှက် ထံတော်ချဥ်းပါ။
[ Verse 3. ]
ပင်ပန်းလှစွာ ဝန်ထုပ်လေး၍၊ အားနည်းလျက်
ရှိကြသလား။ကယ်တင်ရှင် မှီခိုရာဖြစ်ပေ၊
ဆုတောင်းလျက် ထံတော်ချဥ်းပါ။မိတ်ဆွေများ
ရွံရှာ-စွန့်ပစ်လျှင်၊ ဆုတောင်းလျက် ထံတော်
ချဥ်းပါ။ လက်တော်ဖြင့်၊ ကွယ်ကာစောင်မ
မည်၊ ထိုမှာ-နှစ်သိမ့်ရာကိုရှာ။
107
