ပြုသမျှကိုသာ မှတ်မိကြလိမ့်မည်။
Only Remembered.
[ Verse 1. ]
မိုဃ်းသောက်ကြယ်များ၏ လင်းရောင်သည်
မှေးမိန်ကာ၊ နေရောင်ခြည်တွင် ကွယ်ပျောက်
သွားရသည်နည်း။ လောကအလုပ်မှ ကျွန်ုပ်တို့
လွန်သွားရာ၊ ပြုခဲ့သမျှ-ဖြင့်သာ မှတ်မိကြမည်။
[ Chorus ]
ပြုခဲ့သမျှကို မှတ်မိကြလိမ့်မည်။ ပြုခဲ့သမျှကိုသာ
မှတ်မိကြမည်။ လောက အလုပ်မှ ကျွန်ုပ်တို့-
လွန်သွားစဥ်၊ ပြုခဲ့သမျှ-ဖြင့်သာ၊ မှတ်မိကြမည်။
[ Verse 2. ]
အသက်ရှင်စဥ်၊ စိုက်ခဲ့သော လယ်ပြင်များတွင်၊
အခြားသူများ ဆက်လက်-လုပ်ကိုင်ကြစဥ်၊
လုပ်ဆောင်ခြင်းများ ဝမ်းနည်းခြင်း ကွယ်
ပျောက်ရ။ ပြုခဲ့သမျှ-ဖြင့်သာ အောက်မေ့ရကြ။
[ Chorus ]
ပြုခဲ့သမျှကို မှတ်မိကြလိမ့်မည်။ ပြုခဲ့သမျှကိုသာ
မှတ်မိကြမည်။ လောက အလုပ်မှ ကျွန်ုပ်တို့-
လွန်သွားစဥ်၊ ပြုခဲ့သမျှ-ဖြင့်သာ၊ မှတ်မိကြမည်။
[ Verse 3. ]
ကျွန်ုပ်တို့ မြွက်ဆိုခဲ့သော သစ္စာစကား ၊ မြေပေါ်
တွင် ကြဲဖြန့်ခဲ့သော မျိုးစေ့များ၊ ကျွန်ုပ်တို့ မြေ
ပေါ်မှာ လွန်သွားကြသောခါ၊ ကျန်ခဲ့သူများ-
အောက်မေ့-စရာ ဖြစ်ပါ။
[ Chorus ]
ပြုခဲ့သမျှကို မှတ်မိကြလိမ့်မည်။ ပြုခဲ့သမျှကိုသာ
မှတ်မိကြမည်။ လောက အလုပ်မှ ကျွန်ုပ်တို့-
လွန်သွားစဥ်၊ ပြုခဲ့သမျှ-ဖြင့်သာ၊ မှတ်မိကြမည်။
[ Verse 4. ]
ကယ်တင်ရှင်သည် ကျောက်မြတ်များ ပြင်ဆင်
သောခါ၊ ဝမ်းမြေက်ခြင်း သရဖူများ ဆောင်းရ
ကြ။ မောပန်း-သစ္စာ ရှိကြသော တပည့်တော်
များ၊ ပြုခဲ့သမျှ-ဖြင့်သာ အောက်မေ့ကြမှာ။
[ Chorus ]
ပြုခဲ့သမျှကို မှတ်မိကြလိမ့်မည်။ ပြုခဲ့သမျှကိုသာ
မှတ်မိကြမည်။ လောက အလုပ်မှ ကျွန်ုပ်တို့-
လွန်သွားစဥ်၊ ပြုခဲ့သမျှ-ဖြင့်သာ၊ မှတ်မိကြမည်။
205