ချီးမွမ်း ချီးမွမ်း။
Praise Him! Praise Him!.
[ Verse 1. ]
ချီးမွမ်း၊ ချီးမွမ်း၊ ကယ်တင်ရှင်သခင်ကို ချီးမွမ်း
မေတ္တာတော်မြတ်၊ လူခပ်သိမ်းအား ကြားပြော၊
ကောင်းကင်တမန် ကယ်တင်ရှင်ကိုထပ်မံချီးမွမ်း
နာမတော်သာ၊ ဦးညွတ်လျက် ကိုးကွယ်လော့၊
သိုးထိန်းရှင်သည် သိုးတော်စုကို လမ်းပြလျက်၊
ရင်ခွင်တော်တွင် ပိုက်သိမ်း၍ ချီဆောင်မည်။
[ Chorus ]
(ချီးမွမ်း) ၂- ဂုဏ်တော်ပေါင်းကို တစ်ဖန်ချီး
မွမ်း၊ (ချီးမွမ်း)၂- ချိုဖွယ်သံဖြင့် ၊ ချီးမွမ်း။
[ Verse 2. ]
ချီးမွမ်း၊ ချီးမွမ်း၊ ကယ်တင်ရှင်သခင်ကို ချီးမွမ်း၊
တို့ကိုကွယ်ကာရန် အမျက်တော်ခံပေ၊ ခိုလှုံရာ
ကျောက် တော်မြတ်ကို အစဥ်အဆက် ချီးမွမ်း၊
အရှင်ယေရှုပင် တိုင်ပေါ်တွင်ခံလေ၊ ငြိုငြင်ခံမှု၊
ရှင်မြတ်ကို ချီးမွမ်းကြကုန်၊ မေတ္တာတော်အလွန်
ကြီးမြတ်ကြောင်း တွေ့မြင်။
[ Chorus ]
(ချီးမွမ်း) ၂- ဂုဏ်တော်ပေါင်းကို တစ်ဖန်ချီး
မွမ်း၊ (ချီးမွမ်း)၂- ချိုဖွယ်သံဖြင့် ၊ ချီးမွမ်း။
[ Verse 3. ]
ချီးမွမ်း၊ ချီးမွမ်း၊ ကယ်တင်ရှင်သခင်ကို ချီးမွမ်း၊
ကောင်းကင်ဘဝပ်တွင် သီချင်းမြွတ်ဆိုလေ၊ ဘုန်း
တန်ခိုးတော်ကာက၊ အစဥ်အဆက်ချီးမွမ်း၊ ဘုရင်
တို့၏ ဘုရင်မင်းမြတ်ဖြစ်ပေ၊ ရန်သူများကို ခြေ
အောက်ချရန် လာရောက်မည်၊ ဘုန်းကျက်သရေ
တော်ကြီးမြတ်လှမူပေ။
[ Chorus ]
(ချီးမွမ်း) ၂- ဂုဏ်တော်ပေါင်းကို တစ်ဖန်ချီး
မွမ်း၊ (ချီးမွမ်း)၂- ချိုဖွယ်သံဖြင့် ၊ ချီးမွမ်း။
50