ငါ့ဝိညာဥ်၌ အလင်းရှိ။
Sunshine in My Soul.
[ Verse 1. ]
နေရောင်ထက်၊ ထွန်းတောက်သော အလင်းသည်၊
ယနေ့၊ ငါ့ဝိညာဥ်၌ ၊ မှောင်မိုက် ဝမ်းနည်းခြင်းပျောက်
စေ၏။ ယေရှု-ထိုအလင်းတည်း။
[ Chorus ]
အို-ယေရှုရှင်၊ ထွန်းတောက်အလင်း၊
ငြိမ်သက်သာယာစွာ အချိန်လွန်စဥ်၊
ကိုယ်တော်မြတ်သည် ပြုံးတော်မူစဥ်၊
ငါ့-ဝိညာဥ်၌ အလင်းရှိသည်။
[ Verse 2. ]
ယေရှုကို ချီးမွမ်းရာ သီချင်းသည်၊ ငါ့-ဝိညာဥ်၌ရှိ၏။
နှုတ်-မြွတ်၍ မဆိုနိုင်သော်လည်း၊
ကိုယ်တော် နားသာမူ၏။
[ Chorus ]
အို-ယေရှုရှင်၊ ထွန်းတောက်အလင်း၊
ငြိမ်သက်သာယာစွာ အချိန်လွန်စဥ်၊
ကိုယ်တော်မြတ်သည် ပြုံးတော်မူစဥ်၊
ငါ့-ဝိညာဥ်၌ အလင်းရှိသည်။
[ Verse 3. ]
အပင်ပေါက်သော ဥတုရောက်ပေသည်၊ ယနေ့၊
ငါ့-ဝိညာဥ်တွင်၊ ရှင်ယေရှု လင်းစေတော်မူလျှင်၊
ကျေးဇူး-ပန်းများ ပွင့်၏။
[ Chorus ]
အို-ယေရှုရှင်၊ ထွန်းတောက်အလင်း၊
ငြိမ်သက်သာယာစွာ အချိန်လွန်စဥ်၊
ကိုယ်တော်မြတ်သည် ပြုံးတော်မူစဥ်၊
ငါ့-ဝိညာဥ်၌ အလင်းရှိသည်။
[ Verse 4. ]
ယခုစံရ နှောင်စံရအံ့သော၊ ကျေးဇူးတော်များအတွက်၊
ချီးမွမ်းခြင်း၊ မေတ္တာ၊ မျှော်လင့်ခြင်း၊
ရှိ၍ ငါ့-စိတ် မပျက်။
[ Chorus ]
အို-ယေရှုရှင်၊ ထွန်းတောက်အလင်း၊
ငြိမ်သက်သာယာစွာ အချိန်လွန်စဥ်၊
ကိုယ်တော်မြတ်သည် ပြုံးတော်မူစဥ်၊
ငါ့-ဝိညာဥ်၌ အလင်းရှိသည်။
138
