ကောက်လှိုင်းများ ဆောင်ယူ။
Bringing in the Sheaves.
[ Verse 1. ]
နံနက် မျိုးစေ့ကြဲလျက်၊ မေတ္တာ မျိုးစေ့ကြဲလေ၊
မွန်းတည့်ချိန်တွင် ကြဲလျက်၊ ညချိန်တွင် ကြဲပေ။
အသီးမှည့်ချိန် စောင့်စဥ်၊ ရိတ်ချိန်ကို မျှော်လျက်
နေ၊ ငါတို့သည် ရွှင်လန်းစွာ ကောက်လှိုင်းများဆောင်ယူ။
[ Chorus ]
(ကောက်လှိုင်းများ ဆောင်ယူ) ၂-ခါ။ ငါတို့သည်
ရွှင်လန်းစွာ(ကောက်လှိုင်းများဆောင်ယူ)၃-ခါ။
ငါတို့သည် ရွှင်လန်းစွာ ကောက်လှိုင်းများ ဆောင်ယူ။
[ Verse 2. ]
နေရောင်ခြည်၌ကြဲလျက်၊ အရိပ်များတွင်ကြဲလေ၊
မိုးတိမ်များ မကြောက်ဘဲ၊ ဆောင်းတွင်းလည်း
ရဲပေ၊ များမကြာမီ ရိတ်ချိန်၊ မျိုးစေံကြဲခြင်း ငြိမ်း
လေ၊ ငါတို့သည် ရွှင်လန်းစွာ ကောက်လှိုင်းများ ဆောင်ယူ။
[ Chorus ]
(ကောက်လှိုင်းများ ဆောင်ယူ) ၂-ခါ။ ငါတို့သည်
ရွှင်လန်းစွာ(ကောက်လှိုင်းများဆောင်ယူ)၃-ခါ။
ငါတို့သည် ရွှင်လန်းစွာ ကောက်လှိုင်းများ ဆောင်ယူ။
[ Verse 3. ]
ချို့သော ကောက်လှိုင်းကျလျက်၊ ငါဝမ်းနည်းခြင်း
ဖြစ်လေ၊ ယေရှုရှင်ဖို့ ဖြစ်လျက် စဥ်မပြတ်ကြဲနေ၊
ငါတို့ ငိုခြင်းကင်းလျက်၊ ကိုယ်တော်သည် ခေါ်မူ
ပေ၊ ငါတို့သည် ရွှင်လန်းစွာ ကောက်လှိုင်းများ ဆောင်ယူ။
[ Chorus ]
(ကောက်လှိုင်းများ ဆောင်ယူ) ၂-ခါ။ ငါတို့သည်
ရွှင်လန်းစွာ(ကောက်လှိုင်းများဆောင်ယူ)၃-ခါ။
ငါတို့သည် ရွှင်လန်းစွာ ကောက်လှိုင်းများ ဆောင်ယူ။
69