ဆုတောင်းရန် နာရီကျူး။
Sweet Hour of Prayer.
[ Verse 1. ]
ဆုတောင်းလိုငှာ၊ မှတ်သားနာရီ၊ လောကီမှုရေး
မျိုးမျိုးပယ်၍၊ ငါ-လိုသမျှ ဆုပတ္ထနာ၊
အဘပလ္လင်တော် ရှေ့လျှောက်ရာ။ ဒုက္ခဖိနှိပ်၊
ပူဆွေးကာလ၊ အပြစ် သွေးဆောင်ပါနီး ခါများ၊
သင့်လှည့် ပြန်ခြင်းဖြင့်၊ ချမ်းသာ၏၊
အောက်မေ့လှဖွယ်၊ ဆုတောင်းနာရီ။
[ Verse 2. ]
အောက်မေ့လှဖွယ်၊ ဆုတောင်းနာရီ၊ တောင်းသော
သူအား ငါကား ပေးမည်။ ကတိထားသော သစ္စာ
ရှင်မင်း၊ အမိန့်တော် ယုံမှီခို ကိုးလျှင်၊
ငါ-ပူရာမျိုး လိုရာရှိရှိ၊ ခြေရင်းတော်၌ လှိမ့်လှန်
လဲ၍၊ လျှောက်ထားခြင်းငှာ၊ သင့်ကို စောင့်မည်၊
အောက်မေ့လှဖွယ်၊ ဆုတောင်းနာရီ။
[ Verse 3. ]
အောက်မေ့လှဖွယ်၊ ဆုတောင်းနာရီ၊ ကောင်းကင်အဘ၊
အိမ်တော်နေမည်။ ဤယာယီတဲ၊ မစွန့်မချင်း၊ သင်နှစ်
သိမ့်စေ၊ ကျေးဇူးခံလျှင်၊ သက်ထာဝရ ခံစားယူမည်။
အာကာသ၌ ငါ-ပျံတက်စဥ်၊ တန်နေရစ်တော့၊ ငါ-
မြွက်ဆိုမည်၊ အောက်မေ့လှဖွယ်၊ ဆုတောင်းနာရီ။
112
