ကောင်းကင်သစ်နှင့် မြေကြီးသစ်များ။
New heaven and new earth.(Tune:We speak of the Land)
[ Verse 1. ]
ကောင်းကင်သစ်နှင့်မြေကြီးသစ်များ နောင်ကာလဖြစ်
မည်ကိုဖတ်ရ၊ သို့ဖြစ်သောအခါငါတို့မှာ ထိုရပ်များကို
ဝင်ရောက်ချင်လှ၊
[ Chorus ]
(ရောက်ချင်လှ)၂-ခါ။ ထိုရပ်များကို ဝင်ရောက်
ချင်လှ။ ဝင်ချင်လှ၊ ဝင်ချင်လှ။
ထို-ရပ်များကိုဝင်၊ ရောက်ချင်လှ။
[ Verse 2. ]
ထိုခါကောင်းကင်ရှင်၊ ဆင်းသက်၍ လူတို့နှင့်အတူ၊
ကိန်းဝပ်မည်။ နောင်ခါ၊ လူမသေ၊ ဘေးမတွေ့။ သုတ်
တော်မူမည်၊ သူတိ့-မျက်ရည်။
[ Chorus ]
(ရောက်ချင်လှ)၂-ခါ။ ထိုရပ်များကို ဝင်ရောက်
ချင်လှ။ ဝင်ချင်လှ၊ ဝင်ချင်လှ။
ထို-ရပ်များကိုဝင်၊ ရောက်ချင်လှ။
[ Verse 3. ]
စိတ်ညစ်၊ ညည်းတွားခြင်း၊ မောပန်းခြင်း၊ ထိုခါမရှိရ၊
ကျမ်းတော်လာ၊ ခု-ဖြစ်ရှိသမျှ၊ ကုန်အစင်၊ ရွေ့သွား
ကြလိမ့်မည်၊ မိန့်ဆိုထား။
[ Chorus ]
(ရောက်ချင်လှ)၂-ခါ။ ထိုရပ်များကို ဝင်ရောက်
ချင်လှ။ ဝင်ချင်လှ၊ ဝင်ချင်လှ။
ထို-ရပ်များကိုဝင်၊ ရောက်ချင်လှ။
[ Verse 4. ]
ခပ်သိမ်းသော အရာများတို့ကို အသစ်ဖန်ဆင်းတော်
မူပြီးလျှင်၊ အောင်မြင်သောသူများ အားလုံးတို့ အမွေ
ခံရလိမ့်မည်-အသင့်။
[ Chorus ]
(ရောက်ချင်လှ)၂-ခါ။ ထိုရပ်များကို ဝင်ရောက်
ချင်လှ။ ဝင်ချင်လှ၊ ဝင်ချင်လှ။
ထို-ရပ်များကိုဝင်၊ ရောက်ချင်လှ။
[ Verse 5. ]
လူကြံစည်ခြင်းနှင့် မမီနိုင်၊ အံ့သြဖွယ်လှသောဘုန်းစည်း
စိမ်၊ ကယ်ချွတ်ခြင်း ခံရသောသူတိုင်း၊ ဝင်စားရလိမ့်
မည်၊ထိုနေအိမ်။
[ Chorus ]
(ရောက်ချင်လှ)၂-ခါ။ ထိုရပ်များကို ဝင်ရောက်
ချင်လှ။ ဝင်ချင်လှ၊ ဝင်ချင်လှ။
ထို-ရပ်များကိုဝင်၊ ရောက်ချင်လှ။
199
