လောကကို အောင်မြင်ခြင်း။(၁ယော၊ ၅း၄)
Who is he that overcometh the word.
[ Verse 1. ]
ယုံကြည်ခြင်းမှာ အကျင့်အားဖြင့်၊ ခြားနားသိနည်း။ သား
စစ်-ဆိုးကောင်း မည်သည်ဖြစ်ကြောင်း၊ ကွဲပြားသိသည်။
ကိုယ်တော်ချစ်သားဖြစ်လျှင်၊ ရှိရာအင်္ဂါသားများ ၊ အားကိုး
ခိုလှုံ၊ ယုံကြည်-ဆည်းကပ်ခြင်း လက္ခဏာ။
[ Chorus ]
ဘုရားသခင်၏သား ဖြစ်သောသူသည်။ ယုံကြည်
ခြင်းကြောင့်၊ လောကကို အောင်တတ်၏။ လောက
ကို အောင်မြင်ခြင်း အကြောင်း-သည်လည်း၊
ငါ-တို့၏ ယုံကြည်၊ ဆည်းကပ်ခြင်း ပေတည်း။
[ Verse 2. ]
သားသမီးစစ် ဖြစ်သူတိုင်းမှာ လောကအောင်ရာ၊ ရံခါ-
လောကီ-ဇာတိဇောနှင့် တိုက်ရသော်ငြား၊ သူနှင့်အစဥ်ရှိသူ
ရှင်က အားဖေးမ၍၊ အဆုံးတိုင်အောင် ယုံကြည်အားသန်
တိုက်လှန်-နိုင်လေ။
[ Chorus ]
ဘုရားသခင်၏သား ဖြစ်သောသူသည်။ ယုံကြည်
ခြင်းကြောင့်၊ လောကကို အောင်တတ်၏။ လောက
ကို အောင်မြင်ခြင်း အကြောင်း-သည်လည်း၊
ငါ-တို့၏ ယုံကြည်၊ ဆည်းကပ်ခြင်း ပေတည်း။
[ Verse 3. ]
ယုံကြည်ဆည်းကပ်၊အားကိုးခိုလှုံ၊ အားနည်းသောခါ၊ သွေး
သားနှောင့်ယှက်ကြောင်းကို တွေ့ရ မိမိကိုယ်မှာ၊ ထိုခါ-
ဝိညာဥ်တော်၏ နှိုးသံကြားနာခံလျှင်၊ အထူး တန်ခိုးကျေး
ဇူးတော်တွက်ချက်၊ အောင်မြင်လေ။
[ Chorus ]
ဘုရားသခင်၏သား ဖြစ်သောသူသည်။ ယုံကြည်
ခြင်းကြောင့်၊ လောကကို အောင်တတ်၏။ လောက
ကို အောင်မြင်ခြင်း အကြောင်း-သည်လည်း၊
ငါ-တို့၏ ယုံကြည်၊ ဆည်းကပ်ခြင်း ပေတည်း။
[ Verse 4. ]
ကိုယ်တော်ပေးသော ဝိညာဥ်သဘော၊ နောက်သို့လိုက်လျှင်၊
ဇာတိသွေးခြင်းနောက်သို့၊ မရောက်နိုင်ပြီအလျှင်း၊ သို့လိုက်
ဖို့ရာ ပညတ်ပေးထားသော ရှင်မြတ်က၊ တန်ခိုးထူးလည်း
ပေးတော်မူသည်၊ အောင်မြင်လို့ငှာ။
[ Chorus ]
ဘုရားသခင်၏သား ဖြစ်သောသူသည်။ ယုံကြည်
ခြင်းကြောင့်၊ လောကကို အောင်တတ်၏။ လောက
ကို အောင်မြင်ခြင်း အကြောင်း-သည်လည်း၊
ငါ-တို့၏ ယုံကြည်၊ ဆည်းကပ်ခြင်း ပေတည်း။
192
