ကျေးဇူးတော် ၊ ကယ်တင်၍သာ ချမ်းသာ။
Salvation through Grace alone.
[ Verse 1. ]
ကျေးဇူးသက်သက်ဖြစ်သော ကယ်လွတ်ခြင်းချမ်းသာ၊
ကျေးဇူး-ပြုတော်မူခြင်းကို ခံစားသူများ၊
ကျေးဇူး-တော်ကိုသိလျက်၊ ချီးမွမ်းချက်သြဘာ၊
ကျေးဇူး-သီချင်းများကို ဧကျူးဆိုသာယာ။
[ Chorus ]
(ကျေးဇူးတော်)၂-ခါ။ ကယ်တင်ခြင်းကို ခံရ၊
(ကျေးဇူးတော်)၂-ခါ။ ကယ်တင်၍ သာချမ်းသာ၊
ကျေးဇူး-တော်ကိုသိလျက်၊ ချီးမွမ်းချက်သြဘာ၊
ကျေးဇူး-သီချင်းများကို ဧကျူးဆိုသာယာ။
[ Verse 2. ]
လာကြ၊ ကျေးဇူး-တော်ကိုအောက်မေ့၍တစ်ဖန်၊
လာကြ၊ ချီးမွမ်းထောမနာသွန်းလောင်းဖို့ရန်၊
လာကြ၊ ကျေးဇူး-တော်ကိုအော်ဟစ်လျက်ဝန်ခံ၊
လာကြ၊ ခုပင်တစ်ဖန်၊ ကျေးဇူးတော်ချီးမွမ်း။
[ Chorus ]
(ကျေးဇူးတော်)၂-ခါ။ ကယ်တင်ခြင်းကို ခံရ၊
(ကျေးဇူးတော်)၂-ခါ။ ကယ်တင်၍ သာချမ်းသာ၊
ကျေးဇူး-တော်ကိုသိလျက်၊ ချီးမွမ်းချက်သြဘာ၊
ကျေးဇူး-သီချင်းများကို ဧကျူးဆိုသာယာ။
[ Verse 3. ]
ကျေးဇူး-တော်ကြောင့်သာလျှင်၊ သားတော်စင်ဆုမြတ်၊
ကျေးဇူး-တော်ကြောင့် ရ၍ ချိန်ခါစဥ်မပြတ်၊
ကျေးဇူး-တော်ကြောင့် သက်ရှင်ရမည်ကို သိမှတ်၊
ကျေးဇူး-တော်ကြောင့်သာလျှင် ကျေးဇူးတော်သိတတ်။
[ Chorus ]
(ကျေးဇူးတော်)၂-ခါ။ ကယ်တင်ခြင်းကို ခံရ၊
(ကျေးဇူးတော်)၂-ခါ။ ကယ်တင်၍ သာချမ်းသာ၊
ကျေးဇူး-တော်ကိုသိလျက်၊ ချီးမွမ်းချက်သြဘာ၊
ကျေးဇူး-သီချင်းများကို ဧကျူးဆိုသာယာ။
179
