ပျက်စီးလမ်းလွဲသူကို ကယ်ခြင်း။
Rescue the Perishig.
[ Verse 1. ]
ပျက်စီးသူကယ်တင်ယူ၊ သေလုသူကြည့်ရှု၊
အပြစ်နှင့် သင်္ချိုင်းတွင်းမှ ကယ်နှုတ်ပါ၊
လမ်းလွဲသူဖို့ ငိုကြွေး၊ လဲသူချီပင့်လေ၊
ယေရှုရှင် ကယ်တင်နိုင်ကြောင်းကို ပြောပါ။
[ Chorus ]
ပျက်စီးသူကို ကယ်တင်၊ သေလုသူကြည့်ရှု။
ကရုဏာတော်မြတ်ဖြင့်၊ ယေရှုကယ်ယူ။
[ Verse 2. ]
မထီမဲ့ပြုသော်လည်း၊ စောင့်လျက်နေသေး၏၊
နောင်တရသော သားကို လက်ခံခြင်းငှာ၊ စိတ်
ပါလျက်နှိုးဆော်ကြ၊ သွေးဆောင်ဖြည်းညှင်းစွာ
ယုံကြည်လျှင်ပြစ်လွှတ်၊ ဆေးကြောမည်မှန်ပါ။
[ Chorus ]
ပျက်စီးသူကို ကယ်တင်၊ သေလုသူကြည့်ရှု။
ကရုဏာတော်မြတ်ဖြင့်၊ ယေရှုကယ်ယူ။
[ Verse 3. ]
လူ၏စိတ်အတွင်းမှာ၊ စာတန်ဖျက်ဆီးရာ၊
ကရုဏာတော်ပြန်၍ ပြုပြင်နိုင်လေ၊
ချစ်ခြင်းမေတ္တာတော်ဖြင့်၊ တို့တော်မူရလျှင်၊
ပျက်စီးနေခြင်းကို ပြန်ပြုပြင်နိုင်ပေ။
[ Chorus ]
ပျက်စီးသူကို ကယ်တင်၊ သေလုသူကြည့်ရှု။
ကရုဏာတော်မြတ်ဖြင့်၊ ယေရှုကယ်ယူ။
[ Verse 4. ]
ပျက်စီးသူ ကယ်တင်ယူ၊ ဆောင်ရွက်ရန်အမှု၊
ဆောင်ရွက်နိုင်ရန် အားပေးမူမည် ကိုယ်တော်၊
ကျဥ်းမြောင်းရာ လမ်းထဲသို့၊ တစ်ဖန်ပြန်လာဖို့၊
လမ်းလွဲသူအားကိုယ်တော်သေခံကြောင်းပြော။
[ Chorus ]
ပျက်စီးသူကို ကယ်တင်၊ သေလုသူကြည့်ရှု။
ကရုဏာတော်မြတ်ဖြင့်၊ ယေရှုကယ်ယူ။
93
