ကိုယ်တော်၌ ဝမ်းမြောက်လော့။
Rejoice in the Lord.
[ Verse 1. ]
စိတ်နှလုံး ဖြောင့်မတ်သောသူတို့၊
ကိုယ်တော် မြတ်၌ ဝမ်းမြောက်ကြလေ၊
ကိုယ်တော် မြတ်ကို ယုံကြည်သူတို့၊
ဝမ်းနည်း၊ ပူပန်ခြင်း ပယ်ရှောင်ချေ။
[ Chorus ]
(ဝမ်းမြောက်၊ ဝမ်းမြောက်၊
ကိုယ်တော်မြတ်၌ ဝမ်းမြောက်ကြလေ)၂-ခါ။
[ Verse 2. ]
ဝမ်းမြောက်ကြလော့၊ ကိုယ်တော်မြတ်သည်၊
မြေပေါ် ကောင်းကင်ထက် အုပ်စိုး၏။
နှုတ်ကပတ်တော်မြတ် အားဖြင့်သာ၊
အုပ်စိုးစီရင်၊ ကယ်တင်မူလာ။
[ Chorus ]
(ဝမ်းမြောက်၊ ဝမ်းမြောက်၊
ကိုယ်တော်မြတ်၌ ဝမ်းမြောက်ကြလေ)၂-ခါ။
[ Verse 3. ]
အမှန်ဖို့ရာ စစ်တိုက်သောခါ၊
မာရ်နတ်သည် အောင်မြင်လုပ်သော်လည်း၊
ကိုယ်တော်မြတ်၏ စစ်ဗိုလ်ပါများ၊
ရန်သူတို့ထက် များလှသတည်း။
[ Chorus ]
(ဝမ်းမြောက်၊ ဝမ်းမြောက်၊
ကိုယ်တော်မြတ်၌ ဝမ်းမြောက်ကြလေ)၂-ခါ။
[ Verse 4. ]
နေ့ချိန်မှောင်မိုက် ဝိုင်းဝန်သဖြင့်၊
ညချိန်၊ မိုးတိမ်ဖုံးအုပ်သော်လည်း
သင့်-ဝိညာဥ် ကြောက်ရွံ့ခြင်းနှင့် ကင်း၊
ဘေး-လွန်သည်တိုင်အောင် ယုံရမည်။
[ Chorus ]
(ဝမ်းမြောက်၊ ဝမ်းမြောက်၊
ကိုယ်တော်မြတ်၌ ဝမ်းမြောက်ကြလေ)၂-ခါ။
139
