ခရစ်တော် ထမြောက်ပြီ။
Christ Arose.
[ Verse 1. ]
သင်္ချိုင်းတွင်းမှာ လျောင်းသည်၊ ယေရှုကယ်
တင်ရှင်။ ထမြောက်ရာနေ့၊ မျှော်ကြည့်၊ ယေရှုသခင်။
[ Chorus ]
အောင်မြင်လျက် ထက်ကြွလာ။ သန့်ရှင်း
သင်္ချိုင်းတွင်းမှ ထမြောက်ပြီ၊ ရန်သူများပေါ်
ဘုန်းကြီးအောင်မြင်ပြီ။ နင်နဲရာထဲမှ
သူနှင့် စိုးစံသက်ရှင် ထာဝရ။ ထမြောက်ပြီ၊
ထမြောက်ပြီ။ ဟာလဲလုယာ၊ ထမြောက်ပြီ။
[ Verse 2. ]
သင်္ချိုင်း ချည်နှီးစောင့်သည်။ ယေရှုကယ်တင်
ရှင်။ အလောင်း တံဆိပ်ခတ်သည်၊ ယေရှုသခင်။
[ Chorus ]
အောင်မြင်လျက် ထက်ကြွလာ။ သန့်ရှင်း
သင်္ချိုင်းတွင်းမှ ထမြောက်ပြီ၊ ရန်သူများပေါ်
ဘုန်းကြီးအောင်မြင်ပြီ။ နင်နဲရာထဲမှ
သူနှင့် စိုးစံသက်ရှင် ထာဝရ။ ထမြောက်ပြီ၊
ထမြောက်ပြီ။ ဟာလဲလုယာ၊ ထမြောက်ပြီ။
[ Verse 3. ]
သေမင်း မအောင်နိုင်ပြီ၊ ယေရှုကယ်တင်ရှင်။
သေခြင်း တန်ခိုးဖျက်ဆီး ၊ ယေရှုသခင်။
[ Chorus ]
အောင်မြင်လျက် ထက်ကြွလာ။ သန့်ရှင်း
သင်္ချိုင်းတွင်းမှ ထမြောက်ပြီ၊ ရန်သူများပေါ်
ဘုန်းကြီးအောင်မြင်ပြီ။ နင်နဲရာထဲမှ
သူနှင့် စိုးစံသက်ရှင် ထာဝရ။ ထမြောက်ပြီ၊
ထမြောက်ပြီ။ ဟာလဲလုယာ၊ ထမြောက်ပြီ။
48
