ပြစ်လွတ်၊ ငြိမ်သက်၊ တန်ခိုးကျူး။
Pardon, Peace, and Power.
[ Verse 1. ]
ကိုယ်တော်-မြတ်တွင်၊ ဝမ်းမြောက်လိုလျှင်၊
ကြွယ်ဝခြင်းမျိုး ရေတွက်။ နှုတ်ကပတ်တော်၊
ယုံကြည်လျက်နှင့်၊ ပေးမည့် ဆုများမှတ်သား။
[ Chorus ]
ပြစ်လွတ်ခြင်း- ငြိမ်သက်တန်ခိုး၊ စင်ကြယ်
ခြင်းနှင့် သုခ-ဘုံပင်။ ခရစ်တော်ရှင်-
ငါ့-ဖို့ ဖြစ်လျှင်၊ ဝမ်းမြောက်စွာ ကျူးဧမည်၊
ချီးမွမ်း-သီချင်း။
[ Verse 2. ]
ကရုဏာ-တော်၊ မေတ္တာမြတ်ကြောင့်၊ ပြစ်မျိုး
မျိုး လွတ်ရသည်။ ငြိမ်သက်ခြင်းလည်း၊ သွေး
တော်မြတ်ကြောင့်၊ ပြစ်လွှတ်သောခါ ရ၏။
[ Chorus ]
ပြစ်လွတ်ခြင်း- ငြိမ်သက်တန်ခိုး၊ စင်ကြယ်
ခြင်းနှင့် သုခ-ဘုံပင်။ ခရစ်တော်ရှင်-
ငါ့-ဖို့ ဖြစ်လျှင်၊ ဝမ်းမြောက်စွာ ကျူးဧမည်၊
ချီးမွမ်း-သီချင်း။
[ Verse 3. ]
ပြစ်တန်-ခိုးကို ချိုးဖဲ့စေဖို့၊ စွမ်းအားကိုလည်း
ပေး၏။ အတွင်းစိတ်ကို စင်ကြယ်စေဖို့၊
ဝိညာဥ်တော် ပြုကြ၏။
[ Chorus ]
ပြစ်လွတ်ခြင်း- ငြိမ်သက်တန်ခိုး၊ စင်ကြယ်
ခြင်းနှင့် သုခ-ဘုံပင်။ ခရစ်တော်ရှင်-
ငါ့-ဖို့ ဖြစ်လျှင်၊ ဝမ်းမြောက်စွာ ကျူးဧမည်၊
ချီးမွမ်း-သီချင်း။
[ Verse 4. ]
အခြား-ဝိညာဥ် အောင်ရန်အခွင့်၊ ဝိညာဥ်တော်
ပေးသွင်း၏။ ခရစ်တော်ရှင် ကိုယ်တော်မြတ်ပင်၊
ငါတို့ စိတ်တွင် ကိန်း၏။
[ Chorus ]
ပြစ်လွတ်ခြင်း- ငြိမ်သက်တန်ခိုး၊ စင်ကြယ်
ခြင်းနှင့် သုခ-ဘုံပင်။ ခရစ်တော်ရှင်-
ငါ့-ဖို့ ဖြစ်လျှင်၊ ဝမ်းမြောက်စွာ ကျူးဧမည်၊
ချီးမွမ်း-သီချင်း။
[ Verse 5. ]
သူငယ်-ကဲ့သို့ ယုံကြည်ခြင်းဖြင့်၊ ဤဆုများရကြ
သည်။ ကိုယ်တော်မြတ်သည် ခရစ်တော်တွင်၊
ပေးမည် ကတိရှိပြီ။
[ Chorus ]
ပြစ်လွတ်ခြင်း- ငြိမ်သက်တန်ခိုး၊ စင်ကြယ်
ခြင်းနှင့် သုခ-ဘုံပင်။ ခရစ်တော်ရှင်-
ငါ့-ဖို့ ဖြစ်လျှင်၊ ဝမ်းမြောက်စွာ ကျူးဧမည်၊
ချီးမွမ်း-သီချင်း။
27
