အိုဇိအုံမြို့မြန်စွာ မှုတော်ဆောင်ရွက်။
O Zion, Haste.
[ Verse 1. ]
အိုဇိအုံမြို့၊ မြန်စွာ မှုတော်ဆောင်ရွက်လေ၊
ကိုယ်တော်အလင်း၊ ဖြစ်ကြောင်း ကြွေးကြော်ကြ
လေ။ လူမျိုးတိုင်းကို ဖန်ဆင်းမူသော ကိုယ်တော်
ရှင်၊ မည်သူမျှ မှောင်မိုက်၌ မဆုံးစေချင်။
[ Chorus ]
ဝမ်းမြောက်သတင်းပင်၊ ငြိမ်သက်
သတင်း၊ ယေရှု-ကယ်တင်ခြင်း၊
ပြစ်လွှတ်ခြင်းကို-ကြားပြော။
[ Verse 2. ]
ပြစ်သားအတွက် ကိုယ်တော်သေဒါဏ်ခံကြောင်း
ကို၊ ပြောကြားကြော်ငြာ မည့်သူ-မရှိလေရာ၊
သိန်းသန်းမက၊ များပြားလှစွာသော-လူတို့၊
ပြစ်ဒုစရိုက်၊ မှောင်မိုက်တွင် ပျော်မွေ့နေရှာ။
[ Chorus ]
ဝမ်းမြောက်သတင်းပင်၊ ငြိမ်သက်
သတင်း၊ ယေရှု-ကယ်တင်ခြင်း၊
ပြစ်လွှတ်ခြင်းကို-ကြားပြော။
[ Verse 3. ]
ဘုရားသခင်၊မေတ္တာကရုဏာ ဖြစ်ကြောင်း၊
ကြော်ငြာပါလေ၊ လူမျိုးတိုင်းဖို့ သိအောင်၊
လူမျိုးတို့သည် ထက်ရပ်ဘုံ-ဝင်စားနိုင်ရာ၊
မည်သို့သက်တော် စွန့်တော်မူကြောင်းပြောပါ။
[ Chorus ]
ဝမ်းမြောက်သတင်းပင်၊ ငြိမ်သက်
သတင်း၊ ယေရှု-ကယ်တင်ခြင်း၊
ပြစ်လွှတ်ခြင်းကို-ကြားပြော။
[ Verse 4. ]
မြို့တော်ဇိအုံ၊ သတင်းတော် ကြော်ငြာအံ့ငှာ၊
သားတို့လွတ်၍ ရွှေငွေကိုလည်း သုံးပါ၊
နေ့ထူးနေ့မြတ်၊ လျက်မြန်ရောက်စိမ့်သောငှာ၊
သူတို့တွက်သာ စိတ်ပါစွာ ဆုတောင်းပါ။
[ Chorus ]
ဝမ်းမြောက်သတင်းပင်၊ ငြိမ်သက်
သတင်း၊ ယေရှု-ကယ်တင်ခြင်း၊
ပြစ်လွှတ်ခြင်းကို-ကြားပြော။
161
