မိနစ်တိုင်း၊ မိနစ်တိုင်း။
Moment by Moment.
[ Verse 1. ]
ကျွန်ုပ်-ယေရှုနှင့်အတူ၊ သေလေပြီ၊ ကိုယ်တော်ဆိုင်
သော အသက်မြတ်ရှင်နေသည်။ မျှော်ကြည့်လျက်၊
ဘုန်းတော်ရောင်ကို မြင်သည့်တိုင်၊ မိနှစ်တိုင်း၊
အို-သခင်၊ ကျွန်ုပ်ကိုပိုင်။
[ Chorus ]
မိနစ်တိုင်း၊ မိနစ်တိုင်း၊ ချစ်ခြင်း၌တည်။
မိနစ်တိုင်း၊ အသက်လည်း ထက်မှရသည်။
ဘုန်းတော်ကျွန်ုပ်ကို ဝိုင်းဝန်းသည်တိုင်အောင်၊
မိနစ်တိုင်း၊ အို-သခင်၊ ကျွန်ုပ်ကို စောင့်။
[ Verse 2. ]
ယေရှု သင့်ဒုက္ခများ ခံဖူးပါ၏။ ကိုယ်တော် သင့်လေး
သောဝန်ကို ထမ်းပါသည်။ သူမဆက်ဆံသော ဝမ်း
နည်းခြင်းမရှိ၊ မိနစ်တိုင်း၊ ကြည့်ရှုတော်မူခြင်းခံ၏။
[ Chorus ]
မိနစ်တိုင်း၊ မိနစ်တိုင်း၊ ချစ်ခြင်း၌တည်။
မိနစ်တိုင်း၊ အသက်လည်း ထက်မှရသည်။
ဘုန်းတော်ကျွန်ုပ်ကို ဝိုင်းဝန်းသည်တိုင်အောင်၊
မိနစ်တိုင်း၊ အို-သခင်၊ ကျွန်ုပ်ကို စောင့်။
[ Verse 3. ]
စိတ်နာကြည်းခြင်း ရှိလျှင်၊ ညည်းတွားခြင်းလည်း၊
မျက်ရည်ယိုစီးလျှက်၊အော်ဟစ်ခြင်း တွက်လည်း၊
ဘယ်ဘေး မဆိုလျှင်၊ ပလ္လင်တော်ပေါ်တွင်၊ ကိုယ်
တော်သည် အောက်မေ့တော်မူသည်အစဥ်။
[ Chorus ]
မိနစ်တိုင်း၊ မိနစ်တိုင်း၊ ချစ်ခြင်း၌တည်။
မိနစ်တိုင်း၊ အသက်လည်း ထက်မှရသည်။
ဘုန်းတော်ကျွန်ုပ်ကို ဝိုင်းဝန်းသည်တိုင်အောင်၊
မိနစ်တိုင်း၊ အို-သခင်၊ ကျွန်ုပ်ကို စောင့်။
[ Verse 4. ]
အားလျှော့ခြင်း ရှိလျှင်၊ ကိုယ်တော်လည်း ခံတတ်၊
ရောဂါမျိုးမျိုးမဆိုကို၊ ပျောက်စေတတ်။ သုခ၌ ဖြစ်စေ၊
ဒုက္ခ၌ဖြစ်စေ၊ သခင်ယေရှု ကျွန်ုပ်၌ တည်နေပေ။
[ Chorus ]
မိနစ်တိုင်း၊ မိနစ်တိုင်း၊ ချစ်ခြင်း၌တည်။
မိနစ်တိုင်း၊ အသက်လည်း ထက်မှရသည်။
ဘုန်းတော်ကျွန်ုပ်ကို ဝိုင်းဝန်းသည်တိုင်အောင်၊
မိနစ်တိုင်း၊ အို-သခင်၊ ကျွန်ုပ်ကို စောင့်။
147