ကိုယ်တော်နှင့် သင်အတူ ရှိပါစေသော။
God Be With You.
[ Verse 1. ]
ပြန်၍ ကြုံတွေ့ရကြသည် တိုင်အောင်၊ ကိုယ်တော်
သင်နှင့်တူ ရှိစေသော။ သင့်ကို သွန်သင်လမ်းပြ
စောင့်မ၊ သိုးခြံတွင် လုံခြုံစွာ သိမ်းစေသော။
[ Chorus ]
ယေရှုရှင် ခြေတော်ရင်း၊ ပြန်၍ကြုံတွေ့သည့်
တိုင်အောင်၊ ကိုယ်တော်ရှင်၊ သင်တို့နှင့်၊
စဥ်မပြတ်အတူ ရှိပါစေသော။
[ Verse 2. ]
ပြန်၍ ကြုံတွေ့ရကြသည် တိုင်အောင်၊
ကိုယ်တော် သင်နှင့်တူ ရှိစေသော။
အတောင်တော် မြတ်အောက်မျာ ကွယ်ကာ၊
နေ့စဥ် မန္နမုန့်ကို ပေးစေသော။
[ Chorus ]
ယေရှုရှင် ခြေတော်ရင်း၊ ပြန်၍ကြုံတွေ့သည့်
တိုင်အောင်၊ ကိုယ်တော်ရှင်၊ သင်တို့နှင့်၊
စဥ်မပြတ်အတူ ရှိပါစေသော။
[ Verse 3. ]
ပြန်၍ ကြံတွေ့ရကြသည် တိုင်အောင်၊
ကိုယ်တော် သင်နှင့် တူရှိစေသော။
ဒုက္ခ ထူထပ် ကျရောက်သောအခါ၊
လက်တော်ဖြင့် သင့်ကို ပိုက်ဖက်စေသော။
[ Chorus ]
ယေရှုရှင် ခြေတော်ရင်း၊ ပြန်၍ကြုံတွေ့သည့်
တိုင်အောင်၊ ကိုယ်တော်ရှင်၊ သင်တို့နှင့်၊
စဥ်မပြတ်အတူ ရှိပါစေသော။
[ Verse 4. ]
ပြန်၍ ကြုံတွေ့ရကြသည်တိုင်အောင်၊
ကိုယ်တော် သင်နှင့်တူရှိစေသော။
ချစ်ခြင်း အလံလွှင့်ထူစေလျက်၊
သေခြင်း လှိုင်းတံပိုးကို ငြိမ်စေသော။
[ Chorus ]
ယေရှုရှင် ခြေတော်ရင်း၊ ပြန်၍ကြုံတွေ့သည့်
တိုင်အောင်၊ ကိုယ်တော်ရှင်၊ သင်တို့နှင့်၊
စဥ်မပြတ်အတူ ရှိပါစေသော။
5