သာ၍မြင့်သော ကုန်းပေါ်မှာ။
Higher Ground.
[ Verse 1. ]
ကောင်းကင်လမ်းကို ကြိုးစားတက်မည်၊
နေ့စဥ်-တိုး၍ အထက်ရောက်သည်။
ကုန်းမြင့်-ပေါ်မှာ ခြေလှမ်းဖို့ရာ၊
နေ့စဥ်-ပြုမည် ဆုပတ္တနာ။
[ Chorus ]
ယုံကြည်ခြင်းဖြင့်၊ ကုန်းမြင့်-ပေါ်မှာ၊
ရပ်-နေဖို့ရာ၊ ကူတော်မူပါ၊
သာ၍ - မြင့်ရာ၊ ကုန်းမြင့်-ပေါ်မှာ၊
ခြေလှမ်း-စိမ့်ငှာ၊ မတော်မူပါ။
[ Verse 2. ]
ယုံမှားခြင်းနှင့် ကြောက်ရွံ့ခြင်းများ၊
ရှိရာရပ်မှာ မနေချင်ပါ။
အခြားသူများ နေချင်သော်လည်း၊
ကုန်းမြင့်-မှာသာ၊ ကျွန်ုပ်နေမည်။
[ Chorus ]
ယုံကြည်ခြင်းဖြင့်၊ ကုန်းမြင့်-ပေါ်မှာ၊
ရပ်-နေဖို့ရာ၊ ကူတော်မူပါ၊
သာ၍ - မြင့်ရာ၊ ကုန်းမြင့်-ပေါ်မှာ၊
ခြေလှမ်း-စိမ့်ငှာ၊ မတော်မူပါ။
[ Verse 3. ]
မာရ်နတ်ဆိုးသည် တိုက်ခိုက်သော်လည်း၊
ထက်ရပ်မှာသာ နေချင်လှသည်။
ကုန်းမြင့်-ပေါ်က သီချင်းသံများ၊
ယုံကြည်ခြင်းဖြင့်၊ ကျွန်ုပ်-ကြားရ။
[ Chorus ]
ယုံကြည်ခြင်းဖြင့်၊ ကုန်းမြင့်-ပေါ်မှာ၊
ရပ်-နေဖို့ရာ၊ ကူတော်မူပါ၊
သာ၍ - မြင့်ရာ၊ ကုန်းမြင့်-ပေါ်မှာ၊
ခြေလှမ်း-စိမ့်ငှာ၊ မတော်မူပါ။
90
