သက်ထာဝရ ဘုရားသခင်။
Close to Thee.
[ Verse 1. ]
ကိုယ်တော်နှင့် လိုက်ပါရစေ။
သက်ထာဝရ ဘုရားသခင်၊ မိတ်ဆွေထက်
ကျွန်ုပ်-ချစ်လေ၊ ကောင်းကင်-လမ်းခရီး
လျှောက်သွားစဥ်၊ ကိုယ်တော်နှင့်လိုက်ပါရစေ။
(ကယ်တင်ရှင်၊ကိုယ်တော်နှင့်)2
ကောင်းကင်လမ်းခရီး-လျှောက်သွားစဥ်၊
[ Verse 2. ]
လောကီပျော်မွေ့ ကြွယ်ဝချမ်းသာ၊ ဘုန်းစည်း
စိမ်၊ မ-တောင့်တပါ။ မှုဆောင်စဥ် ခံမည်-
ဝမ်းမြောက်စွာ၊ ကိုယ်တော်ပါးသာလိုက်စေပါ။
(ကယ်တင်ရှင်၊ကိုယ်တော်နှင့်)2
မှုဆောင်စဥ် ခံမည် ဝမ်းမြောက်စွာ၊
ကိုယ်တော်ပါးသာ လိုက်စေပါ။
[ Verse 3. ]
မှောင်မိုက်-ချိုင့်ကို လျှောက်သွားစဥ်ခါ၊
ဒုက္ခပင်လယ်-ကူးပြီးမှ၊ သက်-ထာဝရတံခါး
တော်ကို၊ ကိုယ်တော်နှင့် ကျွန်ုပ်-ဝင်လို။
(ကယ်တင်ရှင်၊ကိုယ်တော်နှင့်)2
သက်ထာဝရ တံခါးတော်ကို၊
ကိုယ်တော်နှင့် ကျွန်ုပ်-တင်လို။
109
