သခင်-ကြွလာမည်။
The Lord is coming.
[ Verse 1. ]
ကြားသိတွေ့မြင်သူတိုင်း၊ ကြွေးကြော်ဟစ်အော်၊
မြေကြီးပေါ်ရှိ ရပ်ရပ်၊ သိနိုင်ရန် ပြဖော်၊
အိပ်လျက် နေသူတို့အား၊ ကြားပြောလျှင်မြန်၊
သခင်-ကြွလာမည်-အမှန်။
[ Chorus ]
(သခင်ကြွလာမည်)၂-ခါ။ ဘယ်ခါလာ
မည် မသိသောကြောင့်၊ စောင့်ရသည်။
ယုံကြည်တွေ့လိုသူများ၊ လျှင်မြန်သိမ်း
ဆည်းရန်၊ သခင်-ကြွလာမည် အမှန်။
[ Verse 2. ]
သက်သေ တော်ခံမှန်သူ အပေါင်းတို့မှာ၊
မိမိတို့ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းကိုသာ၊
သက်သေခံ၍ ပြောမည်၊ သူတစ်ပါးတို့ထံ၊
သခင်-ကြွလာမည် အမှန်။
[ Chorus ]
(သခင်ကြွလာမည်)၂-ခါ။ ဘယ်ခါလာ
မည် မသိသောကြောင့်၊ စောင့်ရသည်။
ယုံကြည်တွေ့လိုသူများ၊ လျှင်မြန်သိမ်း
ဆည်းရန်၊ သခင်-ကြွလာမည် အမှန်။
[ Verse 3. ]
အဆုံးတိုင်အောင် စောင့်သော ငယ်သားတို့အား၊
ကိုယ်တော် ကြွလာသောခါ ချီးမွမ်းရာခံရ။
ထိုက်တန်သော ဆုလဒ်များ၊ ချအပ်ဖို့ရန်၊
သခင်-ကြွလာမည် အမှန်။
[ Chorus ]
(သခင်ကြွလာမည်)၂-ခါ။ ဘယ်ခါလာ
မည် မသိသောကြောင့်၊ စောင့်ရသည်။
ယုံကြည်တွေ့လိုသူများ၊ လျှင်မြန်သိမ်း
ဆည်းရန်၊ သခင်-ကြွလာမည် အမှန်။
[ Verse 4. ]
ရွေးကောက်သူတို့အဖို့ သခင်ဘုရား၊
ထက်ရပ် ရွှေအိမ်တော်မှာ နေရာပြင်ဆင်ထား၊
ခမည်းဘုရား-ခွင့်နှင့် ဆင်းသက်တစ်ဖန်၊
သခင်-ကြွလာမည် အမှန်။
[ Chorus ]
(သခင်ကြွလာမည်)၂-ခါ။ ဘယ်ခါလာ
မည် မသိသောကြောင့်၊ စောင့်ရသည်။
ယုံကြည်တွေ့လိုသူများ၊ လျှင်မြန်သိမ်း
ဆည်းရန်၊ သခင်-ကြွလာမည် အမှန်။
182
