ကိုယ်တော်နှင့်နီးစေပါ။
Nearer, My God, To Thee.
[ Verse 1. ]
ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား။
ကားတိုင်ဖြင့်၊ မြှောက်သော်လည်း၊
ဤပတ္တနာ၊ အစဥ် လျှောက်ထားလို့ပါ၊
(ကိုယ်တော်နှင့် နီးစေပါ)2 ကျွန်ုပ်ဘုရား။
[ Verse 2. ]
ထွက်ပြေး ယာကုပ်ကဲ့သို့၊ နေဝင်ပြီးမှ၊
ကျောက်ခဲသာ ခေါင်းအုံးဖို့၊ ရနိုင်သော်ကား၊
ညဥ့်နက်တွင် အိပ်မက်မှာ။
(ကိုယ်တော်နှင့် နီးစေပါ)2ကျွန်ုပ်ဘုရား။
[ Verse 3. ]
စီရင်တော်မူသမျှ၊ ကျွန်ုပ်လျှောက်ရာ၊
ကောင်းကင်လမ်း တက်လှေကား၊ ဖြစ်စေမူပါ။
ကောင်းကင်သားနှင့် တကွ၊
(ကိုယ်တော်နှင့် နီးစေပါ)2ကျွန်ုပ်ဘုရား။
[ Verse 4. ]
သို့လျှင်၊ နိုးသောအခါ၊ ချီးမွမ်းစိတ်ရှိ၊
ဒုက္ခ ကျောက်ခဲများဖြင့်၊ ဗေသလတည်မည်။
ဆင်းရဲ အားဖြင့်သာလျှင်၊
(ကိုယ်တော်နှင့် နီးစေပါ)2 ကျွန်ုပ်ဘုရား။
105
