အလင်းကို လွတ်လိုက်ဖို့။
Send The Light.
[ Verse 1. ]
ပင်လယ်တစ်ဘက်၊ ကမ်းမှ ခေါ်သံကိုကြားရ၊
အလင်းကို-လွှတ်လိုက်ဖို့၊ ကယ်တင်ဖို့ရန်၊
ဝိညာဥ်အများပင်ရှိကြ၊ အလင်းကို - လွှတ်လိုက်ဖို့။
[ Chorus ]
(မင်္ဂလာ-တရား အလင်းလွှတ်ပါ၊
ကမ်းတစ်ဖက်မှ-တစ်ဖက်သို့)၂-ခါ။
[ Verse 2. ]
မာကေဒေါနိပြည်၏ ခေါ်သံကိုကြားရ၊
အလင်းကို-လွှတ်လိုက်ဖို့။ တိုင်တော်ရင်းမှာ၊
ယဇ်ပူဇော်ရာ ချထားမည်၊
အလင်းကို - လွှတ်လိုက်ဖို့။
[ Chorus ]
(မင်္ဂလာ-တရား အလင်းလွှတ်ပါ၊
ကမ်းတစ်ဖက်မှ-တစ်ဖက်သို့)၂-ခါ။
[ Verse 3. ]
ယေရှုရှင်၏ ကျေးဇူးတော် ကြွယ်ဝစေသော၊
အလင်းကို-လွှတ်လိုက်ဖို့၊
သဘောတော်သည် နေရာတိုင်းမှာ-ရှိစေသော၊
အလင်းကို - လွှတ်လိုက်ဖို့။
[ Chorus ]
(မင်္ဂလာ-တရား အလင်းလွှတ်ပါ၊
ကမ်းတစ်ဖက်မှ-တစ်ဖက်သို့)၂-ခါ။
[ Verse 4. ]
သရဖူဖို့၊ ကျောက်မြတ်များကို စုသောခါ၊
အလင်းကို - လွှတ်လိုက်ဖို့၊
ချစ်မေတ္တာနှင့် မှုတော်ဆောင်ခြင်း မမောရ၊
အလင်းကို - လွှတ်လိုက်ဖို့။
[ Chorus ]
(မင်္ဂလာ-တရား အလင်းလွှတ်ပါ၊
ကမ်းတစ်ဖက်မှ-တစ်ဖက်သို့)၂-ခါ။
159
