အာဂန္တုကဲ့သို့ ငါတို့မှာ။
The Pilgrims.
[ Verse 1. ]
အာဂန္တုကဲ့သို့ ငါတို့မှာ၊ ယခုပင် လှည့်လည်ရှိနေကြ၊
ယာယီတဲဖြစ်သော မြေပေါ်တွင်၊ မျိုးမျိုးသော
ဒုက္ခကို တွေ့မြင်။
[ Chorus ]
သို့ရာတွင်၊ ငါတို့သည် စိတ်ပျက်ခြင်း ကင်း၍
ဝမ်းမြောက်လျက်၊ မျှော်လင့်ချက်၊ တိုးတက်နေ၊
ကြောင်းမူကား၊ အိမ်တော်သားများစင်စစ်ဖြစ်ကြ၊
မြဲနေရာ၊ ထက်ရပ်မှာ ပြင်ဆင်ထား။
[ Verse 2. ]
လျှောက်လိုက်ရာလမ်းမှာ ကျဥ်းမြောင်းလှ၊ များပြားလှ
လွန်စွာ ထိခိုက်ရာ၊ လှည့်လည်၍နေသည်ကာလတွင်၊
နှောင့်ယှက်ခြင်း များတွက် စိတ်ပျက်ချင်။
[ Chorus ]
သို့ရာတွင်၊ ငါတို့သည် စိတ်ပျက်ခြင်း ကင်း၍
ဝမ်းမြောက်လျက်၊ မျှော်လင့်ချက်၊ တိုးတက်နေ၊
ကြောင်းမူကား၊ အိမ်တော်သားများစင်စစ်ဖြစ်ကြ၊
မြဲနေရာ၊ ထက်ရပ်မှာ ပြင်ဆင်ထား။
[ Verse 3. ]
လောကမှာ ရှိနေရာကာလ၊ သိုးသူငယ်ကဲ့သို့ ရှိနေရ၊
ခန္ဓာရွေးနုတ်ခြင်း မခံမီ၊ ညည်းတွားလျက်၊
သည်းခံ-နေရသည်။
[ Chorus ]
သို့ရာတွင်၊ ငါတို့သည် စိတ်ပျက်ခြင်း ကင်း၍
ဝမ်းမြောက်လျက်၊ မျှော်လင့်ချက်၊ တိုးတက်နေ၊
ကြောင်းမူကား၊ အိမ်တော်သားများစင်စစ်ဖြစ်ကြ၊
မြဲနေရာ၊ ထက်ရပ်မှာ ပြင်ဆင်ထား။
[ Verse 4. ]
ခြေရာတော်၊ နောက်တော်လျှောက်လိုက်ရာ၊
ထိုက်-လျှော်အောင်၊ ဆုတောင်း လျှောက်လိုက်မှ၊
မြတ်ကိုယ်တော် ထမ်းတော်မူသည်နည်း၊
လက်ဝါးကပ်တိုင်ကို ထမ်းရမည်။
[ Chorus ]
သို့ရာတွင်၊ ငါတို့သည် စိတ်ပျက်ခြင်း ကင်း၍
ဝမ်းမြောက်လျက်၊ မျှော်လင့်ချက်၊ တိုးတက်နေ၊
ကြောင်းမူကား၊ အိမ်တော်သားများစင်စစ်ဖြစ်ကြ၊
မြဲနေရာ၊ ထက်ရပ်မှာ ပြင်ဆင်ထား။
185