မေတ္တာပွဲတော်ကျူး။
[ Verse 1. ]
သုံးဆောင်ပြီးသော ဤမြတ်ပွဲတော်မှာ၊
ဥကောင်းခွံကုန်းဝယ် သိုးငယ်ဘုရား၊
လက်ဝါးကပ်တိုင်ပေါ်တွင် သက်တော်ကို
ဒို့တွက်ကြောင့်၊ စွန့်ရကြောင်း အောက်မေ့ဘို့။
[ Chorus ]
ငါ-တို့တွက်တာ၊ ခံဘို့သက်လာ၊
ခံပြီးသောခါ၊ပြန်လည်တော်သွား
တစ်ဖန်-အရှင်၊ မပြန်-မချင်း၊
သို့-ပြုဘို့ရာ၊ မှာခဲ့-တည့်လင်း။
[ Verse 2. ]
မိန့်တော်လိုက်နာ၊ ကျင့်ဆောင်ရာခါတွင်၊
ခြားနားစွာ ရွှင်လန်းဝမ်းမြောက် ကြည်လင်၊
သေခံပြီးကြောင်း၊ အောက်မေ့ရာခါတိုင်း၊
ကျေးဇူးတော်ပေါင်းမှာ ကြီးကြောင်းသိနိုင်။
[ Chorus ]
ငါ-တို့တွက်တာ၊ ခံဘို့သက်လာ၊
ခံပြီးသောခါ၊ပြန်လည်တော်သွား
တစ်ဖန်-အရှင်၊ မပြန်-မချင်း၊
သို့-ပြုဘို့ရာ၊ မှာခဲ့-တည့်လင်း။
[ Verse 3. ]
ခု-အောက်မေ့ရာ မျက်မှောက်မှာထင်လျား၊
ကားတိုင်ပေါ် ၌ပင် သခင်ရိုက်ထား။
ထိုခါများကို လှည့်ခါကြည့်လိုက်လျှင်၊
မျက်နှာတော်ဖူးမြင် ခုတွင်နာကြင်။
[ Chorus ]
ငါ-တို့တွက်တာ၊ ခံဘို့သက်လာ၊
ခံပြီးသောခါ၊ပြန်လည်တော်သွား
တစ်ဖန်-အရှင်၊ မပြန်-မချင်း၊
သို့-ပြုဘို့ရာ၊ မှာခဲ့-တည့်လင်း။
[ Verse 4. ]
သို့လှည့်ကြည့်၍ ငါ-တို့တွက်တာသာ၊
ခံတော်မူရကြောင်း အောက်မေ့သိမှ၊
ရှေ့သို့တစ်ဖန် ကိုယ်တော်ပြန်လာခြင်း၊
ငံ့လင့်မျှော်စောင့်လျက် ရှိလိမ့်အသင့်။
[ Chorus ]
ငါ-တို့တွက်တာ၊ ခံဘို့သက်လာ၊
ခံပြီးသောခါ၊ပြန်လည်တော်သွား
တစ်ဖန်-အရှင်၊ မပြန်-မချင်း၊
သို့-ပြုဘို့ရာ၊ မှာခဲ့-တည့်လင်း။
209
