နားထောင် ကောင်းကင်သား ကြွေကြော်။
Hark, the Heraid Angless Sing.
[ Verse 1. ]
နားထောင် ကောင်းကင်သား ကြွေကြော်၊
ခုဖွားမြင်၊ ဘုရင့်ဘုန်းတော်။ ကမ္ဘာပေါ်တွင် ငြိမ်
သက်စေ၊ ကောင်းကင်ဘုံတွင် ဘုန်းကြီးစေ။
ပြစ်ရှိသူများချမ်းသာ၍၊ ဘုရားသခင်နှင့် ဆုံတွေ့။
ဗက်လင်မြို့တွင် ကယ်တင်ရှင်၊ ဖွားမြင်ပြီ ငါတို့
သခင်။ နားထောင် ကောင်းကင်သားကြွေးကြော်၊
ခုဖွားမြင်၊ ဘုရင့် ဘုန်းတော်။
[ Verse 2. ]
ကောင်းကင်ဘုံသားတို့ဘုရင်၊ ထာဝရ ခရစ်တော်
ရှင်၊ ချိန်တန်ကာလ ဆင်းသက်၍၊ ကညာဝမ်း၌
ကိန်းအောင်းလေ။ လူဇာတိ ကိုယ်တော်မြတ်
ဆောင်၊ ကယ်တင်အံ့ငှာ၊ လူတို့ဘောင်။
ဧမာနွေလ ဆင်းသက်ပြီ၊ လူတို့တွင် တည်တော်
မူမည်။နားထောင် ကောင်းကင်သားကြွေးကြော်၊
ခုဖွားမြင်၊ ဘုရင့် ဘုန်းတော်။
[ Verse 3. ]
ကောင်းကင်ဖွား ငြိမ်သက်အရှင်၊ တရားမင်း၊
ဘုန်းကြီးဘုရင်။ အလင်းအသက် စည်းစိမ်မျိုး၊
ဘေးဒဏ်ပေါင်း ကင်းရှင်းတန်ခိုး။ ပေးပိုင်ရှင်
သခင်မြတ်သည်၊ လူထာဝရသက် တည်ကြည်။
ရစိမ့်သောငှာ ကောင်းကင်မှ၊ ဆင်းသက်သည်းခံ
ဖွားမြင်ရ။ နားထောင် ကောင်းကင်သား ကြွေးကြော်၊
ခုဖွားမြင်၊ ဘုရင့် ဘုန်းတော်။
22
