ညဦး အချိန်ကျူး။
Abide with me!
[ Verse 1. ]
ညဦး အချိန်ရှိပြီ၊ မိုးလည်း ချုပ်သည်၊
ကိုယ်တော်အပြင်၊ မစနိုင်သူ မရှိ၊
အကျိုးနည်းသူကို ထောက်ပံ့အံ့သောငှာ၊
အကျွန်ုပ်နှင့် ဝပ်၍ နေပါဘုရား။
[ Verse 2. ]
အဆုံးတိုင်အောင် အသက်တာ ဆုတ်လျော့
သည်၊ မြေကြီးစံစားရာမွဲ၊ ဘုန်းလည်းကွယ်၏။
ဤလောက၌ အိနစ္စသာ ထင်ရှား၊
အမြဲတည်ရှင်၊ ကြွလာနေတော်မူပါ။
[ Verse 3. ]
ဒဏ်ပေးပိုင်မင်းကြီး အာဏာကို မသုံး၊
ကရုဏာဖြင့်သာ ဒုက္ခမှ ရွေးနှုတ်။
သက်သာစေသော အတောင်တော်နှင့်တကွ၊
ကြွလာ၊ အကျွန်ုပ်ထံ နေတော်မူပါ။
[ Verse 4. ]
အစဥ် ကိုယ်တော်ကို ဖူးတွေ့လိုပါ၏၊
မာရ်နတ် တန်ခိုးဘယ်သူ ချိုးနိုင်သနည်း။
ကိုယ်တော်မြတ်သာလျှင်၊ တတ်နိုင်တော်မူရာ၊
သြော်၊ ကျေးဇူးရှင်၊ နေမြဲနေတော်မူပါ။
[ Verse 5. ]
ကောင်းကျိုးပေးရန် အနားမှာ နေမူလျှင်၊
ဘေးများအတွက် မစိုးရိမ်ပါအရှင်၊
သေမင်း လက်နက် အဘယ်မှာရှိသနည်း။
တန်ခိုးတော်အားဖြင့် ကျွန်ုပ် အောင်လိမ့်မည်။
6
