ခရစ်တော်ကို ချဥ်းကပ်သီချင်း။
Just As I am.
[ Verse 1. ]
ရှိသည်အတိုင်း၊ ကုသိုလ်မရှိ၊ ပြစ်မှားသူဖို့၊ သွေး
တော်သွန်းပြီ။ ကျွန်ုပ်ကိုလည်း ခေါ်တော်မူ၏။
ချဥ်းကပ်ပါသည်၊ သိုးငယ်ဘုရား။
[ Verse 2. ]
ရှိသည်အတိုင်း မနှေးမဆိုင်း၊ ကိုယ့်ပြစ် စွန်းကွက်၊
မဆေးကြောနိုင်။ အသွေးတော်သာ တတ်စွမ်းစပ်
ဆိုင်၊ ချဥ်းကပ်ပါသည်၊ သိုးငယ်ဘုရား။
[ Verse 3. ]
ရှိသည်အတိုင်း၊ ရန်သူဝိုင်းလျက်၊ အတွင်းကြောက်
ရွံ့၊ အပြင်နှောင့်ယှက်။ ဆိုင်ပြိုင် အားကြီး မတိုး
မတက်၊ ချဥ်းကပ်ပါသည်၊ သိုးငယ်ဘုရား။
[ Verse 4. ]
ရှိသည်အတိုင်း၊ မိုက်မဲနွမ်းပါး၊ မြဲစိတ်ချမ်းသာ
အလင်းပညာ။ လိုလေသမျှရအံ့သောငှာ၊ ချဥ်း
ကပ်ပါသည်၊ သိုးငယ်ဘုရား။
[ Verse 5. ]
ရှိသည်အတိုင်း၊ ကိုယ်တော်မြတ်သည်၊ လက်ခံပြစ်
လွှတ်၊ ဆေးကြောမူမည်။ ကတိတော် ယုံသော
ကြောင့်ပေတည်း၊ ချဥ်းကပ်ပါသည်၊
သိုးငယ်ဘုရား။
87
