ခမည်းတော်၏ မီးပြတိုက်မှ။
Brightly Beams Our Father.
[ Verse 1. ]
ခမည်းတော်၏ မီးပြတိုက်မှ၊
ကရုဏာ ရောက်ခြည်စဥ်ဖြာ၊
သို့သော်၊ ကမ်းဘေးရှိ အလင်းကို၊
ကျွန်ုပ်တို့ ထွန်းရန် မိန့်ဆို။
[ Chorus ]
ကမ်းဘေးရှိ မီးများလင်းစေ၊
ပင်လယ်လှိုင်း၊ ကျော်၍လင်းစေ။
မေ့မျောနီးပါး၊ ကူးနေသူအား၊
ကယ်ဆယ်ချမ်းသာ ပေးနိုင်ရာ။
[ Verse 2. ]
ပြစ်မှောင်မိုက်၊ ညသက်ဆင်းရောက်လာ၊
ကြောက်မက်ဖွယ်၊ လှိုင်းများလိမ့်လာ၊
ကူးသူများ၊ ကမ်းရှိအလင်းကို၊
တသ-မျှော်ကြည့်လျက်၊ နေကြ။
[ Chorus ]
ကမ်းဘေးရှိ မီးများလင်းစေ၊
ပင်လယ်လှိုင်း၊ ကျော်၍လင်းစေ။
မေ့မျောနီးပါး၊ ကူးနေသူအား၊
ကယ်ဆယ်ချမ်းသာ ပေးနိုင်ရာ။
[ Verse 3. ]
သင်၏ မှိန်သော မီးခွက်ပြင်လေ၊
လှိုင်းခတ်၍ လူချို့မျောနေ၊
ဆိပ်ကမ်းသို့ ရောက်ရန် ကြိုးစားစဥ်၊
မှောင်တွင်း သက်ဆုံးမည်၊ စိုးပေ။
[ Chorus ]
ကမ်းဘေးရှိ မီးများလင်းစေ၊
ပင်လယ်လှိုင်း၊ ကျော်၍လင်းစေ။
မေ့မျောနီးပါး၊ ကူးနေသူအား၊
ကယ်ဆယ်ချမ်းသာ ပေးနိုင်ရာ။
158
