ဥပစ္စျာယ်ဆရာ ရောက်လာပြီ။
The Comforter Has Come.
[ Verse 1. ]
လူစိတ်နှလုံးများနှင့်၊ သောက များသောရပ်မှ၊ ခရစ်
ယာန်တိုင်းတို့သည် ဝမ်းမြောက် သံကိုကြော်ငြာ၊
ဥပစ္စျာယ် ရောက်လာပြီ။
[ Chorus ]
(ဥပစ္စျာယ်ရောက်လာပြီ)၂-ခါ။ ကောင်းကင်
ဝိညာဥ်တော်ကို ၊ ခမည်းတော် လွှတ်မည်ဆို၊
အို....သတင်းတော် ကြော်ငြာ၊ လူရှိသော ရပ်
တိုင်းမှာ၊ ဥပစ္စျာယ် ရောက်လာပြီ။
[ Verse 2. ]
ရှည်ကြာသော ညဥ့်လွန်သည်၊ နံနက်ချိန်ရောက်လာပြီ၊
မြည်တမ်းခြင်းကို ရပ်စေ၊ ဒေါသမုန်တိုင်းလွန်သည်။
လှပတောင်ထိပ်များပေါ်၊ ယခုနေ့တွင် ရောက်ပြီ၊
ဥပစ္စျာယ် ရောက်လာပြီ။
[ Chorus ]
(ဥပစ္စျာယ်ရောက်လာပြီ)၂-ခါ။ ကောင်းကင်
ဝိညာဥ်တော်ကို ၊ ခမည်းတော် လွှတ်မည်ဆို၊
အို....သတင်းတော် ကြော်ငြာ၊ လူရှိသော ရပ်
တိုင်းမှာ၊ ဥပစ္စျာယ် ရောက်လာပြီ။
[ Verse 3. ]
ထွက်ဘုရင်ကိုကြည့်ပါ၊ အတောင်တော်ဖြင့် ချမ်းသာ၊
ချုပ်ထား ဝိညာဥ်တိုင်းကို ၊ ကယ်တင်ခြင်း ဆောင်
ယူလာ၊ တောင်ခေါင်း ဂူပေါက်တို့မှ၊ အောင်သံ
ကျူးကြကုန်လေ၊ ဥပစ္စျာယ်ရောက်လာပြီ။
[ Chorus ]
(ဥပစ္စျာယ်ရောက်လာပြီ)၂-ခါ။ ကောင်းကင်
ဝိညာဥ်တော်ကို ၊ ခမည်းတော် လွှတ်မည်ဆို၊
အို....သတင်းတော် ကြော်ငြာ၊ လူရှိသော ရပ်
တိုင်းမှာ၊ ဥပစ္စျာယ် ရောက်လာပြီ။
[ Verse 4. ]
အနန္တချစ်မေတ္တာ၊ ကျွန်ုပ်၏ နှုတ်နှင့်သာ၊ လူများ
အားမပြောနိုင်၊ မတုပြိုင်ကျေးဇူးများ၊ အပြစ်သား
ကျွန်ုပ်သည်၊ ကိုယ်တော်ကဲ့သို့ဖြစ်ရာ၊ ဥပစ္စျာယ်
ရောက်လာပြီ။
[ Chorus ]
(ဥပစ္စျာယ်ရောက်လာပြီ)၂-ခါ။ ကောင်းကင်
ဝိညာဥ်တော်ကို ၊ ခမည်းတော် လွှတ်မည်ဆို၊
အို....သတင်းတော် ကြော်ငြာ၊ လူရှိသော ရပ်
တိုင်းမှာ၊ ဥပစ္စျာယ် ရောက်လာပြီ။
55
