သင့်တွက် ငါဆုတောင်းနေ။
I Am Praying for You.
[ Verse 1. ]
ငါ့ကို ကယ်တင်ရှင်-ရှိပေ၊ ရှေ့-ဆောင်လုပ်နေ၊
လောက မိတ်ဆွေ-နည်းပါး၊ ချစ်ဖွယ်-ရှင်တကား။
ယခု ကိုယ်တော်သိမ်မွေ့စွာ၊ ငါ့ကို စောင့်ထိန်းပေ၊
ငါ့-ကို ကယ်ချွတ်ရှင်၊ သင့်ဖို့လည်း ဖြစ်စေပါ။
[ Chorus ]
(သင့်တွက်၊ ငါ-ဆုတောင်းနေ)၃-ခါ
သင့်တွက်၊ ငါ-ဆုတောင်းပေး။
[ Verse 2. ]
ထာဝရ မျှော်လင့်ရန်၊ မင်္ဂလာမှန်ကန်၊
ပေးသော ငါ၏ အဘခမည်းတော် ရှိပေ။
မကြာမီ ခေါ်မူမည်၊ ကိုယ်တော်မြတ်ကို ဖူးရန်၊
ငါနှင့် တူသွားရန် သင့်ကို လမ်းပြပါစေ။
[ Chorus ]
(သင့်တွက်၊ ငါ-ဆုတောင်းနေ)၃-ခါ
သင့်တွက်၊ ငါ-ဆုတောင်းပေး။
[ Verse 3. ]
မြစ်လို ငြိမ်သက်သာယာ၊ ငြိမ်သက်ခြင်း ငါ၌ရှိ၊
ထိုငြိမ်သက်ခြင်း၊ လောကီစွဲသူလျှင်း မသိ၊ ငါ့ကို
ကယ်ချွတ်ရှင်သာ ပိုင်သောကြောင့် ပေးနိုင်၏။
သင့်ကိုလည်း ပေးကြောင်း၊ ငါလွန်ကြားသိလိုသည်။
[ Chorus ]
(သင့်တွက်၊ ငါ-ဆုတောင်းနေ)၃-ခါ
သင့်တွက်၊ ငါ-ဆုတောင်းပေး။
[ Verse 4. ]
ယေရှုရင်သည် သင့်ကိုရှာ၍ တွေ့သောခါ၊ ချစ်ဖွယ်
ရှင်သင့်ကို ကယ်တင်ကြောင်း ပြောရမည်။ ကိုယ်
တော် ဘုန်းလူတို့တွင် ထင်ရှားရန် ဆုတောင်းပါ၊
သင့်တွက် ဆုတောင်းသော်ရလျှင်၊ သင်လည်းရမည်။
[ Chorus ]
(သင့်တွက်၊ ငါ-ဆုတောင်းနေ)၃-ခါ
သင့်တွက်၊ ငါ-ဆုတောင်းပေး။
111
