သစ္စာတော် ကြီးမားလှကျူး။
Great is Thy Faithfullness.
[ Verse 1. ]
သစ္စာတော် ကြီးမားလှ၊ အို-ကျွန်ုပ်ဘုရား။
မနေ့၊ ယနေ့၊ နောင်ခါ၊ မပြောင်းလဲပြီ။
ကြီးမား မေတ္တာ၊ ဂရုဏာတော် ခံစားပြီ။
ရှေး-နည်းတူပင်၊ ကိုယ်တော် ထာဝရတည်။
[ Chorus ]
(သစ္စာတော် ကြီးမားလှ)၂-ခါ။
နံနက်စဥ်တိုင်း၊ ဂရုဏာသစ် တွေ့မြင်၊
ကိုယ်တော်ပြုသမျှ တန်ခိုးလက်တော်
ကြောင့်တည်း။ ကျွန်ုပ်-ပေါ်ပြုမေတ္တာ၊
သစ္စာ-ကြီးလှ။
[ Verse 2. ]
နေ၊လ၊ နက္ခတ္တာရာ၊ သူ့လမ်းကြောင်းအတိုင်း၊
နွေ၊ မိုး၊ ဆောင်းနှင့် ဥတု ရှိသမျှသည်။
သူ့အလှည့်၊ ကိုယ်အလှည့်၊ အချိန်သင့်ရောက်စဥ်၊
ကိုယ်တော်-ရှိကြောင်းနှင့် သစ္စာတော်ပြသွား။
[ Chorus ]
(သစ္စာတော် ကြီးမားလှ)၂-ခါ။
နံနက်စဥ်တိုင်း၊ ဂရုဏာသစ် တွေ့မြင်၊
ကိုယ်တော်ပြုသမျှ တန်ခိုးလက်တော်
ကြောင့်တည်း။ ကျွန်ုပ်-ပေါ်ပြုမေတ္တာ၊
သစ္စာ-ကြီးလှ။
[ Verse 3. ]
တည်မြဲ ပြစ်လွတ်ခြင်းနှင့် ကျေးဇူးငြိမ်သက်ခြင်း၊
အသက်တာ၊ ပို့ဆောင်ရာ လမ်းပြကွယ်ကာ၊
နေ့ရက်စဥ်တိုင်း၊ ပို့ဆောင်ရှေ့ရေးလည်း ငြိမ်း၏။
ကောင်းမှုပြုခွင့်ပင်လျှင်၊ ကျေးဇူးကြောင့်သာ။
[ Chorus ]
(သစ္စာတော် ကြီးမားလှ)၂-ခါ။
နံနက်စဥ်တိုင်း၊ ဂရုဏာသစ် တွေ့မြင်၊
ကိုယ်တော်ပြုသမျှ တန်ခိုးလက်တော်
ကြောင့်တည်း။ ကျွန်ုပ်-ပေါ်ပြုမေတ္တာ၊
သစ္စာ-ကြီးလှ။
148
