ရှေ့ပြည်မှ ရှင်ဘုရင် သုံးပါး။
We Three Kings of Orient Are.
[ Verse 1. ]
ရှေ့ပြည်မှ ရှင်ဘုရင်သုံးပါး၊ လက်ဆောင်များပါလျက်
ရောက်လာကြ။ ထူးဆန်းသော ကြယ်လမ်းညွှန်ပြရာ၊
လမ်း တစ်လျှောက်လုံး-လိုက်လာ။
[ Chorus ]
အို- ရောင်ခြည်လင်း ၊ အံ့ဖွယ်ကြယ်မင်း၊
တင့်တယ်တောက် ရောင်ခြည် ထွန်းလင်း၊
စုံလင်သော အလင်းတော်မြတ်သို့၊
ရှေ့ပြည်မှ လမ်းပြဆောင်ပို့။
[ Verse 2. ]
သူငယ်တော်အား ဘိသိတ်မြှောက်ရာ၊ ရွှေမကိုဠ်ကို
ဆက်ရန်ယူလာ။ ကိုယ်တော်ရှင်ဘုရင်မင်း ဖြစ်သည်၊
စဥ်မပြတ် အုပ်-စိုးမည်။
[ Chorus ]
အို- ရောင်ခြည်လင်း ၊ အံ့ဖွယ်ကြယ်မင်း၊
တင့်တယ်တောက် ရောင်ခြည် ထွန်းလင်း၊
စုံလင်သော အလင်းတော်မြတ်သို့၊
ရှေ့ပြည်မှ လမ်းပြဆောင်ပို့။
[ Verse 3. ]
လောဗန်နှင့် မွှေးကြိုင်သော နံ့သာ၊ ဆက်ကပ်ဖို့ရာ
ကျွန်ုပ်ယူလာ။ ဆုတောင်းခြင်း၊ ချီးမွမ်းခြင်းအားဖြင့်၊
ဘုရား ထံတော်-သို့ဝင်။
[ Chorus ]
အို- ရောင်ခြည်လင်း ၊ အံ့ဖွယ်ကြယ်မင်း၊
တင့်တယ်တောက် ရောင်ခြည် ထွန်းလင်း၊
စုံလင်သော အလင်းတော်မြတ်သို့၊
ရှေ့ပြည်မှ လမ်းပြဆောင်ပို့။
[ Verse 4. ]
မွှေးကြိုင်သော မုရန်စေးကိုသာ၊ ကျွန်ုပ်သည်
ပူဇော်ဆက်ဖို့လာ။ သင်္ချိုင်းတွင်းမှာ သိပ်ထား
သောခါ၊ မုရန်စေး မွှေးကြိုင်လှ။
[ Chorus ]
အို- ရောင်ခြည်လင်း ၊ အံ့ဖွယ်ကြယ်မင်း၊
တင့်တယ်တောက် ရောင်ခြည် ထွန်းလင်း၊
စုံလင်သော အလင်းတော်မြတ်သို့၊
ရှေ့ပြည်မှ လမ်းပြဆောင်ပို့။
[ Verse 5. ]
တိုင်ပေါ်မှာ ပူဇော်ပြီးသောခါ၊ ကယ်တင်ရှင် သေ
ခြင်းမှ ထလာ။ ကောင်းကင်သားနှင့် မြေကြီးသား
များ၊ ဟာလေ-လုယာ-ဆိုကြ။
[ Chorus ]
အို- ရောင်ခြည်လင်း ၊ အံ့ဖွယ်ကြယ်မင်း၊
တင့်တယ်တောက် ရောင်ခြည် ထွန်းလင်း၊
စုံလင်သော အလင်းတော်မြတ်သို့၊
ရှေ့ပြည်မှ လမ်းပြဆောင်ပို့။
26
