အတုမဲ့ ယေရှုကို ချီးမွမ်း။
Majestic Sweetness Sits Enthroned.
[ Verse 1. ]
ကယ်တင်ပိုင်ရှင် နဖူးတော်မှာ၊ ဘုန်းအာနုဘော်
တည်ပေ။ ဦးရစ် မကိုဋ် ရောင်ခြည်ထွန်းပေ၊
(နှုတ်ခမ်း-တော် တင့်တယ်လေ။ ၂-ခါ)။
[ Verse 2. ]
သခင်ဘုရားနှင့် ပြိုင်နိုင်သူ၊ လူသားများတွင် မရှိ။
ကောင်းကင်ဘုံ သားတို့တွင် ဆိုမူ၊
(ထိုနည်း-အတုမဲ့တည်း။ ၂-ခါ)။
[ Verse 3. ]
ငါ့ဒုက္ခ၌ နစ်မြှပ်လျက်နေ၊ ယေရှု မြင်တော်မူ၏။
ရှက်ကြောက်ဖွယ် ကားတိုင်ကို ထမ်း၍ ၊
(နှုတ်ယူ-တင်တော်မူပြီ။ ၂-ခါ)။
[ Verse 4. ]
ခရစ်တော် စောင့်မခြင်းအားဖြင့်၊ ငါသည် အသက်
ရှင်၏။ သေမင်းကိုလည်း အောင်ခြင်းအခွင့်၊
(ငါ့အား-ပေးတော်မူမည်။ ၂-ခါ)။
[ Verse 5. ]
ဘုရားသခင် စံတော်မူရာ၊ ကောင်းကင်ရွေပြည်တာ်
တွင်၊ ငါ့ကို ပို့ဆောင်တော်မူသောခါ၊
(ချမ်းသာ-ရမည် အစဥ်။ ၂-ခါ)။
[ Verse 6. ]
သခင်ဘုရား၊ ဤကျေးဇူးများ၊ ကျွန်ုပ် ခံစားရပြီ။
နှလုံး တစ်ထောင်ပင်၊ ရှိသော်ငြား၊
(အကုန်-ဆက်ကပ်ပါမည်။ ၂-ခါ)။
34
