လက်ဝါးကပ်တိုင်ကျူး။
Must Jesus Bear the Cross Alone.
[ Verse 1. ]
ကားတိုင် ထမ်းရသော သူသည်ကား၊
ယေရှု တစ်ပါးသာလော။
တပည့်တော်တိုင်း ထမ်းရန်ရှိရာ
ငါလည်း ထမ်းပါစေတော့။
[ Verse 2. ]
အထက် ရောက်ပြီး သန့်ရှင်းသူများ
ဒုက္ခ ခံဖူးသော်လည်း
ယခု မေတ္တာပြည့်ဝ၊ ချမ်းသာ၊
မျက်ရည် သုတ်ကုန်လေပြီ။
[ Verse 3. ]
စီရင်တော် ကားတိုင်ကို ထမ်းလျှင်၊
သေချိန် စေ့သော် လွတ်၍၊
အမြဲနေအိမ်သို့ ပျံ့တက်ဝင်၊
သက်သရဖူ ဆောင်းမည်။
[ Verse 4. ]
စီရင်တော်မူ သေခြင်းကိုအောင်၊
ကားတိုင်ထမ်းလွတ်ချိန်ဝယ်၊
အမြဲနေမည် ရွှေအိမ်စိုးစံ၊
ဘုန်းပွင့်စဥ် ထာဝရ။
95
