သိုးသူငယ် သွေးတော်။
The Blood of the Lamb.
[ Verse 1. ]
လောကသား ပြစ်ကြွေး ဆပ်အံ့ငှါ၊ သားတော်
အသွေးတန်ခိုးကြီးမား၊ ဘုရားသားတော်မြတ်
ရှင် ယေရှု၊ ဒါဏ်ချက်တော်များဖြင့် ချမ်းသာပြီ။
သိုးခြံတော်နှင့် ကင်းဝေး နေလည်း၊ လမ်းများဒုက္ခ
ရောက် မိသော်လည်း၊ မိုဃ်းပွင့်ထက် ဖြူစင်စေ
အံ့ငှါ၊ သိုးသူငယ်သွေးဖြင့်၊ ဆေးကြောချင်။
[ Chorus ]
သိုးသူငယ် သွေးဖြင့်၊ ဆေးကြော သန့်စင်လေ၊
သိုးငယ် သွေးတော်ဖြင့်၊ ဆေးကြောလျှင်၊
မိုဃ်းပွင့်ထက် သာ၍ ဖြူစင်မည်။
[ Verse 2. ]
ဆူးရစ်သရဖူ ဆောင်းစေပြီ၊ လေးလှကားတိုင်ကို
ထမ်းစေပြီ။ ဒါဏ်ချက်တော်များစွာ ခံရပြီ။
အချည်းနှီးခံခြင်း မဟုတ်ပေ။ ကျွ်န်ုပ်တို့ ပြစ်
ဒုစရိုက်ဆေးရန်၊ သားတော်သွေးတန်ခိုး ယိုစီး
လာ၊ မိုဃ်းပွင့်ထက် ဖြူစင်စေအံ့ငှါ၊
အသွေးတော်ဖြင့် ဆေးကြောချင်လှ။
[ Chorus ]
သိုးသူငယ် သွေးဖြင့်၊ ဆေးကြော သန့်စင်လေ၊
သိုးငယ် သွေးတော်ဖြင့်၊ ဆေးကြောလျှင်၊
မိုဃ်းပွင့်ထက် သာ၍ ဖြူစင်မည်။
[ Verse 3. ]
အို-အဖ၊ ကျွန်ုပ် လမ်းမှားပြီ၊ စိတ်နှလုံး မှားယွင်း
ချို့တဲ့ပြီ။ ကတ္တီပါသို့သော နီသောအပြစ်၊ သန့်
ရှင်းနိုင်ရန်ရေ မလောက်ပြီ။ ကတိတော်သာမီဝဲ
ကျွန်ုပ်၊ ကားတိုင်ခြေရင်းတော်သို့ ချဥ်းလာ၊ မိုဃ်း
ပွင့်ထက်ဖြူစင်စေအံ့ငှါ၊ သွေးတော်တန်ခိုးဖြင့်
ဆေးကြောပါ။
[ Chorus ]
သိုးသူငယ် သွေးဖြင့်၊ ဆေးကြော သန့်စင်လေ၊
သိုးငယ် သွေးတော်ဖြင့်၊ ဆေးကြောလျှင်၊
မိုဃ်းပွင့်ထက် သာ၍ ဖြူစင်မည်။
38
