မြတ်လှနာမ။
Take the name of Jesus.
[ Verse 1. ]
ယေရှု-မြတ်နာမတော်ယူပါ၊ စိတ်ပင်ပန်းဝန်လေး
သောသူ၊ နှစ်သိမ့် ဝမ်းသာခြင်းကြောင့်ဖြစ်ရာ၊
သွားလေရာရာ ပါဆောင်ယူ။
[ Chorus ]
(မြတ်-နာမ၊ ချိုသာလှ၊
မြေနှင့် ကောင်းကင် ရွှင်မြူးရာ။၂-ခါ)
[ Verse 2. ]
ယေရှု-နာမမြဲစွဲယူပါ၊ ဘေးရန်မျိုးအကွယ်အကာ၊
သွေးဆောင်ခြင်း မှုနှောင့်ယှက်လာခါ၊
နာမတော်ဖြင့်၊ ဆုတောင်းပါ။
[ Chorus ]
(မြတ်-နာမ၊ ချိုသာလှ၊
မြေနှင့် ကောင်းကင် ရွှင်မြူးရာ။၂-ခါ)
[ Verse 3. ]
အိုမြတ်-လှရှင် ယေရှုနာမ၊ ဘယ်မျှ စိတ်ရွှင်
လန်းစေသည်။ မေတ္တာလက်တော်ဖြင့်၊
သိမ်းမူကာ၊ ထောမနာ သီချင်းဆိုမည်။
[ Chorus ]
(မြတ်-နာမ၊ ချိုသာလှ၊
မြေနှင့် ကောင်းကင် ရွှင်မြူးရာ။၂-ခါ)
[ Verse 4. ]
လမ်းဆုံး-ကောင်းကင်ဘုံသို့ ရောက်လျှင်၊ မြတ်
နာမတော်သံကြား၍ ၊ ခြေတော်ရင်း၌ ဦးညွှတ်
ချစဥ်၊ မင်းတကာမင်း ခေါ် မြှောက်မည်။
[ Chorus ]
(မြတ်-နာမ၊ ချိုသာလှ၊
မြေနှင့် ကောင်းကင် ရွှင်မြူးရာ။၂-ခါ)
32
