နေ့ရက်တိုင်း၊ နာရီတိုင်း။
Everyday and hour.
[ Verse 1. ]
ကယ်ချွတ်ရှင်ကိုယ်တော်ကိုသာ
အကျွန်ုပ်သည်မှီတွယ်လျက်နေပါ၊
သွေးတော်ဖြင့်ဆေးကြောပြစ်များ၊
ကိုယ်တော်ပါးတွင် အစဥ်နေစေပါ။
[ Chorus ]
နေ့ရက်တိုင်း၊ နာရီတိုင်း၊
သွေးတော်တန်ခိုးသိစေပါ၊
ချစ်ခြင်းမေတ္တာတော်ကြိုးဖြင့်၊
အကျွန်ုပ်ကို စည်းနှောင်တော်မူပါ။
[ Verse 2. ]
ပြောင်းလဲတတ်သောလောကတွင်၊
ကျွန်ုပ်ကိုဖြည်းညှင်းစွာလမ်းပြပါ။
ကိုယ်တော်မြတ်ကိုသာယုံလျှင်၊
ဘယ်သောခါမျှ လမ်းမလွဲနိုင်ရာ။
[ Chorus ]
နေ့ရက်တိုင်း၊ နာရီတိုင်း၊
သွေးတော်တန်ခိုးသိစေပါ၊
ချစ်ခြင်းမေတ္တာတော်ကြိုးဖြင့်၊
အကျွန်ုပ်ကို စည်းနှောင်တော်မူပါ။
[ Verse 3. ]
သေဆုံးချိန်ရောက်သည့်တိုင်အောင်၊
ကိုယ်တော်ကိုသာတိုး၍ချစ်စေပါ။
ကောင်းကင်သို့ဝင်သည့်တိုင်အောင်၊
ကိုယ်တော်မြတ်ကိုချစ်လျက်နှင့်မခွာ။
[ Chorus ]
နေ့ရက်တိုင်း၊ နာရီတိုင်း၊
သွေးတော်တန်ခိုးသိစေပါ၊
ချစ်ခြင်းမေတ္တာတော်ကြိုးဖြင့်၊
အကျွန်ုပ်ကို စည်းနှောင်တော်မူပါ။
110
