ကြည်လင်လှသော သန်းခေါင်ယံ။
It Came Upon the Midhight Clear.
[ Verse 1. ]
ကြည်လင်လှစွာ သန်းခေါင်ယံမှာ၊ ကောင်းကင်တမန်
များသည်။ ရွှေစောင်းများကို ကိုယ်စီကိုင်ကာ၊ ချီးမွမ်း
ကျူးဧကြ၏။ ငြိမ်သက်ခြင်းနှင့် အလိုတော်သည်၊
မြေပေါ် ရောက်စေသတည်း။ ကောင်းကင်သီချင်းသံ
ကြားစိမ့်ငှာ၊ တိတ်ဆိတ်လှ မြေပေါ်မှာ။
[ Verse 2. ]
ကောင်းကင်သား သီချင်းသံသာယာ၊ ကောင်းကင်မှ
ထွက်လာသည်။ မောပန်းလှသော ဤလောကမှာ၊
ထိုသီချင်းသံကြား၏။ ဝမ်းနည်းဖွယ်ရာ ထိုကွင်းပေါ်
မှာ၊ ကောင်းကင်သားများ ဝဲကြ၊ လောက ရှုပ်ထွေး
ဒုက္ခထဲမှာ၊ ထိုသီချင်းသံကြားရ။
[ Verse 3. ]
ပရောဖက်များ ဟောကြားသမျှ၊ လျင်မြန်စွာ ပြည့်စုံရ။
နှစ်များသည် လွန်သွားနေစဥ်ခါ၊ ဟောချက်အတိုင်း
ဖြစ်လာ၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်လျှင်၊
ကိုယ်တော်ကို ဝန်ခံစဥ်၊ ကောင်းကင်သစ်နှင့် မြေ
ကြီးသစ်လျှင်၊ ကိုယ်တော်ကိုဝန်ခံစဥ်၊ ကောင်းကင်
သားများ၏ သီချင်းကို တစ်လောကလုံး ကျူးဆို။
21
