ခရစ်ယာန်စစ်သည်တို့ချီ။
Onward Christian Soldiers.
[ Verse 1. ]
တက်ကြ၊ ခရစ်ယာန်စစ်သည် တိုက်ဖို့ချီသည်နည်း၊
ယေရှု ကားတိုင်ထမ်း၍ ရှေ့တက်စိတ်အားကြီး ၊ ရန်
သူတွေ့အောင် ခရစ်တော်၊ ကိုယ်တိုင်ကြွနှင့်၏၊
စစ်ပွဲထဲသို့ ဝင်လော့၊ ထူ-အလံတော်ကြည့်။
[ Chorus ]
တက်ကြ၊ ခရစ်ယာန်စစ်သည်၊ တိုက်ဖို့ ချီသည်နည်း၊
ယေရှုကားတိုင်ထမ်း၍ ရှေ့တက်စိတ်အားကြီး။
[ Verse 2. ]
အောင်မြင် နိမိတ်မြင်၍ စာတန်လူဆုတ်ပြေး၊ တက်
ကြ၊ ခရစ်ယာန်စစ်သည် အောင်ပွဲခံရလေ။ ကြွေးကြော်
သံကိုကြားသော်၊ စာတန်နိုင်ငံတုန်၊ ညီအစ်ကိုတို့၊
ဟစ်လော့၊ ကျယ်ကျယ် ချီးမွမ်းကုန်။
[ Chorus ]
တက်ကြ၊ ခရစ်ယာန်စစ်သည်၊ တိုက်ဖို့ ချီသည်နည်း၊
ယေရှုကားတိုင်ထမ်း၍ ရှေ့တက်စိတ်အားကြီး။
[ Verse 3. ]
အားကြီး ဗိုလိပါများလို၊ ခရစ်အသင်းတော်သား၊ ရှေးသန့်
ရှင်းသူများတို့ ခြေရာလိုက်နေကြ၊ ကွဲပြားဝါဒကင်း၏။ကိုယ်
တစ်ကိုယ်လျှင်သာ၊ တသမျှော်လင့်ခြင်းညီ၊ မေတ္တာစိတ်တပါး
[ Chorus ]
တက်ကြ၊ ခရစ်ယာန်စစ်သည်၊ တိုက်ဖို့ ချီသည်နည်း၊
ယေရှုကားတိုင်ထမ်း၍ ရှေ့တက်စိတ်အားကြီး။
[ Verse 4. ]
စိုးမင်းအာဏာရွေ့သွား၊ တိုင်းပြည်ပေါ် ပျောက်ချေ၊
ယေရှု နိုင်ငံတော်ကား မြဲတည်နေရလေ၊ မာရ်နတ်ဆိုး
၏နိုင်ငံ၊ အောင်ခွင့်လျင်းမရ၊ ခရစ်တော် ကိုယ်တိုင်
မိန့်သံ၊ မြဲကတိတော်ထား။
[ Chorus ]
တက်ကြ၊ ခရစ်ယာန်စစ်သည်၊ တိုက်ဖို့ ချီသည်နည်း၊
ယေရှုကားတိုင်ထမ်း၍ ရှေ့တက်စိတ်အားကြီး။
[ Verse 5. ]
ထို့ကြောင့် ၊ တက်လူမျိုးတွေ၊ ငါတို့ဘုန်းဝင်စား၊ ညီညာ
သီချင်းဆိုလေ၊ အောင်မြင်ခွင့်ကျူးကြ၊ ခရစ်တော်သာ
ဘုရင်ရှင်၊ မင်းတကာပေါ် ထား၊ ကောင်းကင် မြေကြီး
ပြိုင်လျှင်၊ ချီးမွမ်းထောမနာ။
[ Chorus ]
တက်ကြ၊ ခရစ်ယာန်စစ်သည်၊ တိုက်ဖို့ ချီသည်နည်း၊
ယေရှုကားတိုင်ထမ်း၍ ရှေ့တက်စိတ်အားကြီး။
58
