ကျွန်ုပ် အထက်၌ မြင့်သော ကျောက်။
The Rock That is Higher Than I.
[ Verse 1. ]
တစ်ခါတစ်ရံ၊ မှောင်မိုက်မဲလေ၊
ပန်းတုံးတိုင်လမ်း၊ ကြမ်းတမ်းလှ၏။
ဝမ်းနည်း-ခြင်းလည်း မုန်တိုင်းသို့ပေ၊
ကျွန်ုပ်၏ ဝိညာဥ်ကို လွှမ်းသည်။
[ Chorus ]
ထိုခါ ကျောက်တော်သို့ ပြေးစေပါ။ ကျွန်ုပ်ထက်
မြင့်လှသော ကျောက်တော်သို့။ ထိုအခါ
ကျောက်တော်သို့ ပြေးစေပါ။
ကျွန်ုပ်ထက် မြင့်လှသော ကျောက်တော်သို့။
[ Verse 2. ]
တစ်ခါတစ်ရံ၊ နေ့-တာရှည်ပေ၊
တစ်ခါတစ်ရံ ခြေလှမ်း-လေးသည်၊
လောက-အသက်လမ်း လျှောက်စဥ်ပေ၊
ကျောက်တော် အရိပ်သာယာလှ၏။
[ Chorus ]
ထိုခါ ကျောက်တော်သို့ ပြေးစေပါ။ ကျွန်ုပ်ထက်
မြင့်လှသော ကျောက်တော်သို့။ ထိုအခါ
ကျောက်တော်သို့ ပြေးစေပါ။
ကျွန်ုပ်ထက် မြင့်လှသော ကျောက်တော်သို့။
[ Verse 3. ]
ကျောက်တော်နားမှာ၊ နေ-ပါရစေ၊
ကောင်းစား၊ ဒုက္ခရောက်-သည် ဖြစ်စေ။
တောင်စောက်-လမ်းကို တက်သည် ဖြစ်စေ၊
မှောင်မိုက်ချိုင့်တွင် လျှောက်သည် ဖြစ်စေ။
[ Chorus ]
ထိုခါ ကျောက်တော်သို့ ပြေးစေပါ။ ကျွန်ုပ်ထက်
မြင့်လှသော ကျောက်တော်သို့။ ထိုအခါ
ကျောက်တော်သို့ ပြေးစေပါ။
ကျွန်ုပ်ထက် မြင့်လှသော ကျောက်တော်သို့။
11
