ဗက်လက်မြို့ဝယ်။
O, Little town of bethlehem.
[ Verse 1. ]
အို၊ သိမ်ငယ်သော ဗက်လင်မြို့မှာ၊ တိတ်ဆိတ်စွာ
ရှိနေခါ၊ သာယာငြိမ်သက်၊ လူတို့အိပ်ရာ၊ ကြယ်
မျးဖြတ်သန်းသွားလာ။ မှောင်မိုက်လွှမ်းမိုး၊ လမ်း
ပေါ်မှာ၊ စဥ်မြဲ လင်းတောက်ထွန်းကာ၊ နှစ်ပေါင်း
များစွာ၊ မျှော်လင့်လေရာ၊ ဤ-ညတွင် ပြည့်စုံလာ။
[ Verse 2. ]
မယ်တော် မာရိသည် ထိုညမှာ၊ သားတော်ကို ဖွား
သောအခါ၊ ကောင်းကင်သားများ ကောင်းကင်ဘုံ
က၊ မေတ္တာတော် စောင့်ကြည့်ကြ။ မိုးသောက်
ကြယ်များတူတကွ၊ ဖွားမြင်ကြောင်းကြွေးကြော်ကြ၊
ဘုရားဂုဏ်တော်ကို ချီးမွမ်းကြွေးကြော်၊ ငြိမ်-သက်
ခြင်း မြေကြီးပေါ်။
[ Verse 3. ]
ဗက်လင်မြို့သား သူငယ်ဘုရား၊ ဆင်းသက် ကြွ
တော်မူပါ။ အပြစ်များကို ဖယ်ရှားပြီးကာ၊ စိတ်တွင်
ကိန်းတော်မူပါ။ ဝမ်းမြောက်ဖွယ်ရာ သတင်းကို၊
ကောင်းကင်သားများ မြွတ်ဆို၊ ဧမာနွေလအရှင်၊
ဘုရား၊ ကြွ-လာ ကိန်းတော်မူပါ။
18
