စုံလင် မေတ္တာရှင်။
O Perfect Love.
[ Verse 1. ]
စုံလင်မေတ္တာရှင်၊ လူဥာဏ် မမီဖွယ်ရာ၊
ပလ္လင်တော်ရင်း၌၊ ကျွန်တို့ တောင်းပန်ပါ၊
ကိုယ်တော်စုံဘက်၍ ၊ ကောင်းချီးပေးသူတို့အား၊
ဆုံးမရှိ မေတ္တာကို ပေးတော်မူပါ။
[ Verse 2. ]
စုံလင်အသက်ရှင်၊ ကတိတော်မြတ်ဖြင့်သာ၊
ယုံကြည်ခိုင်မြဲရာ၊ သိမ်မွေ့သော မေတ္တာ၊
မျှော်လင့် လျက်ရဲရင့်၊ ငြိမ်သက်တည်မြဲစေပါ။
အိုနာသေဘေး၊ မရွံ့ပဲ -တည်နိုင်ရာ။
[ Verse 3. ]
လောကီ ဝမ်းနည်းခြင်း၊ အောင်နိုင်စွမ်းသော
ချမ်းသာ၊ ဒုက္ခကုန်ငြိမ်းသော၊ ငြိမ်သက်ခြင်း
သာယာ၊ လောကီညမှောင်သက်၊ ကုန်လျှင် ထွန်း
သစ် သက်တာ၊ ကိုယ်တော့် သားသမီးတို့အား ဖြည့်မူပါ။
175
