အလိုတော်ရှိရာ ပြုတော်မူပါ။
Have Thine Own Way,Lord.
[ Verse 1. ]
အလိုတော်-ရှိရာ၊ပြုတော်မူပါ။
ကိုယ်တော်ရှင်၊ အိုးထိန်း၊ ကျွန်ုပ်-အိုးမြေ၊
ကိုယ်တော်ရှင် မြတ်အား၊ စောင့်နေစဥ်ခါ၊
သဘောတော် ရှိတိုင်း၊ ပုံသွင်း-လုပ်ပေး။
[ Verse 2. ]
အလိုတော်-ရှိရာ၊ ပြုတော်မူပါ။
ယနေ့စုံစမ်း၍ စစ်တော်မူပါ။
ရှေ့တော်မှာ နှိမ့်ချ၊ ဒူးထောက်စဥ်ခါ၊
မိုးပွင့်ထက် ဖြူအောင်၊ ဆေးတော်-မူပါ။
[ Verse 3. ]
အလိုတော်-ရှိရာ၊ ပြုတော်မူပါ။
ဒုက္ခရောက်သည်ခါ၊ မတော်မူပါ။
တန်ခိုးတော်မဟာ၊ကိုယ်တော်၌သာ၊
တို့-တော်မူပြီးခါ၊ ချမ်းသာ-ပေးပါ။
[ Verse 4. ]
အလိုတော်-ရှိရာ၊ ပြုတော်မူပါ။
ကိုယ်တော်ရှင် မြတ်သာ အုပ်စိုးမူပါ။
ဝိညာဥ်တော် မြတ်နှင့် ပြည့်စေပြီးခါ၊
ခရစ်တော်ဘုရား၊ စိတ်တွင်-ကိန်းပါ။
149
